"မင်း…"ဟုန်ရှင်းယင်ဓားဆွဲထုတ်မိမတတ်ပေ။

သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၃၄၄ ရယူလိုက်သည်။

အကယ်ဒမီဝန်ထမ်းတစ်ဦးသည် တံခါးကို ခေါက်၍ အော်လိုက်သည်။
"မင်းတို့ ဘာပြဿနာရှာနေတာလဲ။ ပြဿနာရှာရဲတဲ့လူမှန်သမျှ ကျောင်းတက်ခွင့် အသိမ်းခံရမယ်"

ဟုန်ရှင်းယင် ဒေါသသိမ်းလိုက်ပြီး တောင့်တင်းစွာ အရှေ့ပြန်လှည့်လိုက်သည်။ ဇူအန်လို လူတစ်ယောက်အတွက် သူ့အနာဂတ်ကို ဖျက်စီးရန်မှာ နှမြောစရာပင်။

အကယ်ဒမီမှာ ငါနေရာတစ်ခုရဖို့ကို စောင့်နေ။ ငါအစေခံအဆင့်က လွတ်တဲ့အခါကျရင် သည်းခံမှာမဟုတ်တော့ဘူး။

ဇူအန် ခေါင်းယမ်းလိုက်သည်။ ဆက်ပြောလို့မရတော့သည်မှာ သနားစရာပင်။ သူက ချန်ရှို့ပင်းထံ လှည့်လိုက်ပြီး
"အဲ့ဒီ ချီရှို့ရဲ့ နောက်ခံက ဘာလဲ"

ချန်ရှို့ပင်း ပြန်ဖြေသည်။
"သူက မြို့စားအိမ်တော်ရဲ့ ဒုတိယသား" ထို့နောက် သူက အနားကပ်၍ အသံတိုးတိုးဖြင့်
"သူက လပြည့်မြို့ရဲ့ နာမည်ကြီး ငပျင်း။ သူက ဗျက်စောင်း၊ ကျား၊ လက်ရေးလှနဲ့ ပန်းချီ အားလုံးတော်တယ်-ရှိရှိသမျှ အကုန်လုံးလုပ်တယ်။ သောက်တာ၊စားတာ၊အပျော်အပါး၊လောင်းကစား သူမလုပ်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ ကျင့်ကြံမှုကတော့ အားနည်းတယ်။ အဲ့တာကြောင့် သူ့အဖေက ဘာလုပ်ရမှန်းမသိဘူး"

သခင်လေးလိုပဲ..။
ချန်ရှို့ပင်း စိတ်ထဲက ထည့်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြန်သည်။
ငါတို့သခင်လေး ချီသခင်လေးနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ အနည်းဆုံးတော့ ဟိုကအကုန်တတ်သေးတယ်။

"ငပျင်း… စိတ်ဝင်စားစရာပဲ" ချီရှို့ နောက်ထပ်မိန်းကလေးတစ်ဦးကို ချဉ်းကပ်နေကြောင်း ဇူအန် တွေ့လိုက်သည်။ သူ့အကြည့်ကို ခံစားမိ၍ ဇူအန်ကို ခေါင်းညိတ်ပြသွားလေသည်။

"နောက်တစ်ယောက်…ဝေဆောင်"

ဇူအန် ချီရှို့ကို လက်ပြရန်ပြင်နေစဉ် ဝန်ထမ်း၏အော်သံက နားထဲဝင်လာသည်။
သူမျက်လုံးပြူးသွားသည်။ ဒီလိုနာမည်မျိုး ကြားလိုက်ရမည်ဟု ဇူအန်မထင်ထားပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now