သို့သော် သူ၏ အစီအရင်မှော်မျဉ်းများပင် ရွှေအချိုးကို လိုက်နာနေမည်ဟု ဇူအန်မထင်ထားပေ။ ဖီဘိုနာချီ ကိန်းစဉ်က စကြဝဠာ၏ လျှို့ဝှက်ထားသော စည်းမျဉ်းများလား။
ဇူအန် ရှာဖွေတွေ့ရှိမှုကို ဝမ်းမသာပေ။ ကိန်းစဉ်ရှည်သလောက် နံပါတ်များ တဖြည်းဖြည်းအဆမတန်ကြီးလာကြောင်း သူသိထားလေသည်။ ဆိုလိုသည်မှာ သူ့အတွက် လိုအပ်သော ကီသစ်သီးသည် နောက်ပိုင်းအဆင့်များတွင် အဆမတန်များပြားသည်ဟုပင်။

သူ့အရည်အသွေးကို မြှင့်တင်ပေးထားသော ခြင်ဆီသန့်စင်ဆေးလုံးကို ဇူအန်ကျေးဇူးတင်နေသည်။ ကီသီးတစ်ခုတည်းကိုသာ အားကိုးပါက ဇူအန် အဖြစ်ဆိုးပေလိမ့်မည်။ အကြမ်းဖျင်း တွက်ချက်မှုများအဆုံး, ငိုကြွေးခြင်းကြာပွတ်ဖြင့် အရိုက်ခံရခြင်းသည် ကီသီးကို စားသုံးခြင်းထက် ပို၍ အဆင့်တက်ရန် မြန်ကြောင်း တွေ့လိုက်ရသည်။

ထိုအရာသည် သူ့အရည်အသွေး အနိမ့်စားဒင်အဆင့်တွင် ရှိနေစဉ်က ဖြစ်လေသည်။ အဆုံးမှာတော့ အရိုက်ခံရခြင်းက ပို၍အသုံးကျသော နည်းလမ်းဖြစ်နေသည်။

အဲ့တာဆို နေ့တိုင်းသူ့ကိုရိုက်ဖို့ မိန်းမတွေကို လိုက်ရှာနေရမှာတော့ မဟုတ်ဘူးမလား။
အသက်ပြင်းပြင်းရှူ၍ ဇူအန် ရေတစ်ခွက် ထသောက်လိုက်မိသည်။ မထင်မှတ်စွာပင် ရေခွက်ကို ကိုင်မိလိုက်သည်နှင့် ကွဲသွားလေသည်။

သူက ခေတ္တကြောင်ကြည့်နေပြီးမှ ရုတ်တရက်တိုးလာသော အင်အားများကြောင့်ဖြစ်မည်ဟု ဇူအန် ခန့်မှန်းမိလိုက်သည်။
စိတ်ဝင်တစား နောက်ထပ်စမ်းသပ်မှုအချို့ ပြုလုပ်လိုက်သည်။ ထိုသို့လုပ်ခြင်းက သူ့ခန္တာကိုယ်၏ ပြောင်းလဲမှုကို အသားကျရန် ကူညီပေးလေသည်။

ဒုတိယအဆင့်၏ တတိယပိုင်းကို ရောက်စဉ်က သူ့အင်အားသည် ပုံမှန်လူလေးယောက်နှင့် ညီလေသည်။ ယခု ဒုတိယအဆင့်၏ ဆဋမပိုင်းကို ရောက်သောအခါတွင်မူ လူအယောက်နှစ်ဆယ်နှင့် ညီမျှလေသည်။

ထိုအရာက သူ့ကို အတွေးတစ်ခုဝင်စေသည်။ သူစာရွက်တစ်ရွက်ထုတ်လိုက်ပြီး တွက်ချက်လိုက်သည်။ စုတ်တံကိုချလိုက်သည့်အချိန်တွင် ဇူအန်မျက်နှာသည် ရှုပ်ထွေးနေလေသည်။
တကယ်ကြီးကို ကိန်းစဉ်အတိုင်းပဲဟ။ ကိန်းစဉ်ရဲ့ ဒီအဆင့်အထိ နံပါတ်တွေကိုပေါင်းလိုက်ရင် ၂၀ ကွက်တိပဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Opowieści tętniące życiem. Odkryj je teraz