တိုက်ခိုက်သူများကလည်း ခေတ္တအာရုံလွတ်သွားပြီးနောက် အော်ရယ်လိုက်ကြသည်။
"ငါတို့တွေးသလို ယုသခင်မက တကယ်အထဲမှာပဲ။ ညီအစ်ကိုတို့ ဆက်တိုက်ကြရအောင် ။ငါတို့လည်း မြို့တော်ရဲ့ နံပါတ်တစ်အလှဘုရင်မဟောင်းရဲ့ အရသာကို ခံစားနိုင်တော့မယ်"

ထိုအော်သံက အခြားအမည်းရောင်ဝတ်လူများကို တက်ကြွစေသည်။

အဖြူရောင်ဝတ်အစောင့်များသည် မျက်လုံးများနီလာကြသော်လည်း အင်အားမမျှသဖြင့် လုပ်နိုင်တာ မရှိပေ။ သူတို့ မည်မျှပင် အစွမ်းကုန်ထုတ်သုံးပါစေ ဤသတ်ဖြတ်မှုအား မတွန်းလှန်နိုင်ကြချေ။

"အာ အဲ့တာဆို သူပေါ့" ကျီရှောင်ချီ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ဇူအန် စိတ်ဝင်စားသွားသည်။
"ဘယ်သူလဲ ရထားလုံးထဲကလူကို မင်းသိလို့လား"

ကျီရှောင်ချီခေါင်းယမ်း၍ ပြန်ဖြေသည်။
"လူချင်းတော့မသိဘူး ကြားဖူးတယ်။ တိမ်မြူရဲ့ ယုအိမ်တော်က ကီကျောက်အရောင်းအဝယ်လုပ်ပြီး အချမ်းသာဆုံးသူဌေးတွေပဲ။ အဲ့ဒီနှစ်တွေတုန်းက ယုအိမ်သခင်မ ယုယွမ်လော့က သူမရဲ့ ကျက်သရေနဲ့လှပမှုကြောင့် မြို့တော်တစ်ခုလုံးမှာ နာမည်ကြီးတယ်။ မရေမတွက်နိုင်တဲ့ယောက်ျားတွေက ခုထိ သူမကိုမက်မောတုန်းပဲ တဲ့"

သူမပြောနေရင်း သူမအဖေမကြာခနပြောလေ့ရှိသော သူက ယုယွမ်လော့၏ နံပါတ်တစ်ပရိသတ် ဆိုသည့်အကြောင်း ခေါင်းထဲဝင်လာပြီး အရှက်ရမိလေသည်။

ဇူအန် မျက်မှောင်ကြုတ်လိုက်ပြီး
"မင်းပြောသလိုဆို ယုအိမ်က အတော် သြဇာကြီးတာပဲ။ သူတို့အခြေအနေအရ ဒီဓားပြလေးတစ်ဖွဲ့ကို မရှင်းနိုင်တာ အဓိပ္ပာယ်မရှိဘူး"

ကျီရှောင်ချီ ဖူအန်ကို ပြင်ပေးသည်။
"အနက်ရောင်လေခံတပ်က သာမန်ဓားပြအုပ်စုလေးမဟုတ်ဘူး။ သူတို့က အရမ်းအင်အားကောင်းပြီး မြို့တော်ဝန်ချူတောင်..."

သူမစကားမဆုံးခင်ပင် ဇူအန်ဖြတ်ပြောလိုက်သည်။
"သူတို့ဘယ်လောက် အင်အားကောင်းကောင်း ဓားပြကဓားပြပဲ။ ပြီးတော့ မင်းပြောသလိုဆို ယုအိမ်က အချမ်းသာဆုံးအိမ်တော်ဖြစ်ပြီး သူတို့သခင်မက မိန်းမလှတစ်ယောက်။ ဒီနှစ်ခုက ရန်သူများစွာနဲ့ အခြားအင်အားကြီးအုပ်စုတွေကို ဆွဲဆောင်နေတာပဲ။ ဒါက သူတို့အစောင့်တွေရဲ့ တကယ့်အင်အားဆို ဒီအချိန်အထိ ဘယ်လိုအသက်ရှင်နိုင်ရတာလဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Onde as histórias ganham vida. Descobre agora