ချူဟွမ်ကျောက် နောက်တစ်ခေါက် ထပ်ရိုက်လိုက်သည်။ ငိုကြွေးခြင်းကြာပွတ် မည်မျှကြောက်စရာကောင်းကြောင်း သူမသာ မသိဆုံးပင်။ အလွန်စိတ်ဓာတ်ခိုင်မာသူလျှင်ပင် ပထမအချက်သာ ခံနိုင်သည်။ ဒုတိယအချက်ကိုတော့ မခံနိုင်ပေ။

ကြာပွတ်ကြောင့် ဇူအန်ရင်ဘတ်တွင် ကြီးမားပြီး သွေးထွက်နေသည့် X ဟူသော အရာပေါ်လာသည်။

ချူဟွမ်ကျောက် စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။
နင်ဒီတစ်ခေါက်ရော အော်မလား ကြည့်ရအောင်။

"ဟမ့်..အမ်း..." ဇူအန် မငြီးမိအောင် ထိန်းသော်လည်း မတတ်နိုင်တော့ချေ။
သူခံစားရသော သာယာမှုကြောင့် ရှက်သွေးဖြာမိမတတ်ပင်။ သူ့အတွက် မကြုံဖူးသော ခံစားမှုများ ကြုံလိုက်ရလေသည်။

ချူဟွမ်ကျောက် ကြက်သီးထလာသလို ခံစားလိုက်ရသည်။ ယနေ့ဖြစ်ပျက်သမျှသည် သူမမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

သူမက အချိန်တစ်ခုအကြာ စဉ်းစားလိုက်ပြီး အခြားနေရာသို့ ပြောင်းရိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူ့ရင်ဘတ်က ဒဏ်ရာကြောင့် ထုံနေတာ ဖြစ်ချင်ဖြစ်မှာပေါ့။

အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ခြေထောက်ကို ရိုက်လိုက်သည်။ သို့သော် သူမကို စိတ်ပျက်သွားစေပြန်သည်။ ဇူအန်မျက်နှာသည် နာကျင်မှုကြောင့်တွန့်ရှုံ့သွားသော်လည်း အသံတစ်စက်မှ ထွက်မလာချေ။

"ငါ... နိုင်ပြီ မဟုတ်လား" ဇူအန်၏ ပထမအစီအရင်ပြည့်သွား၍ ဒုတိယအစီအရင်သည်လည်း ရွှေမှုန်များဖြင့် တစ်ဝက်ခန့် ပြည့်သွားလေပြီ။

ကြည့်ရတာ ဒီအစုတ်ပလုတ် ငါ့ကိုရိုက်တဲ့နေရာမှာ အားကုန်သုံးလိုက်ပုံပဲ။

"ဒါ မဖြစ်နိုင်ဘူး" ချူဟွမ်ကျောက် မျက်လုံးပိုပြူးသွားရသည်။ သူမက လက်ထဲရှိကြာပွတ်အားစိုက်ကြည့်ကာ ကြောင်အ နေသည်။

ငါ့ကြာပွတ် ပျက်နေတာလား။

သူမ ခနစဉ်းစား၍ ဇူအန်ဆီ ကြာပွတ်လှမ်းပေးလိုက်သည်။
"ငါ့ကို ရိုက်ကြည့်ပြီး ဘယ်လိုနေလဲ ကြည့်ရအောင်"

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now