ဇူအန် စိုးထိတ်စွာကြည့်နေရင်း အမှတ်အသားတစ်ဖန် ရွေ့လျားပြန်သည်။

"Spacebar မဖြစ်ပါစေနဲ့ Q ခလုတ်လည်း မကျပါစေနဲ့"

နောက်ဆုံးတော့ Bခလုတ်တွင် ရပ်လေသည်။ အေးစက်သော စက်အသံကို ထပ်ကြားလိုက်ရသည်။
"ဂုဏ်ယူပါတယ်။ သင် 'အဆိပ်ပြင်းတန်ဆာ ' ကို ရရှိပါတယ်"

ဇူအန် အံ့အားသင့်လွန်၍ သွေးပင် အန်ချင်သွားသည်။
ဒီကီးဘုတ်က မတရားကို ညစ်ညမ်းတာပဲ ။ ဘယ်လိုဆုတွေပါလိမ့်။

မှန်ပြင်ပေါ်မှ အနက်ရောင်ဓားတိုကို မြင်သည့်အခါမှ ညစ်ညမ်းသူမှာ မိမိဖြစ်ကြောင်း ဇူအန်းသဘောပေါက်လိုက်သည်။

အဆိပ်ပြင်း တန်ဆာ;တစ်ချိန်က အမျိုးသားတစ်ဦးသည် အနိုင်ရပြီဟု အပိုင်တွက်၍ ဤဓားအား လျှာဖြင့်လျက်လိုက်လေသည်။ ထိုအရာကပင် သူ့အသက်ကို ဆုံးရှုံးစေသည်။ သူမသေခင် ပြောခဲ့သော စကားမှာ အဆိပ်ပြင်းတန်ဆာ ဟူ၍ဖြစ်သည်။

အသုံးဝင်ပုံ;ဤဓားသည် ကျိန်စာအတိုက်ခံထားရသည်။ ဤဓားဖြင့် ဒဏ်ရာရသူ မည်သူမဆို ချက်ချင်း ပျောက်ကွယ်လိမ့်မည်။

ဇူအန် စိတ်အေးသွားရသည်။ ထူးဆန်းတဲ့နာမည်ကို ဖယ်လျှင် အခြေခံအရ အလွန်အင်အားကြီးသော လက်နက်ပင်။ ဒါပေါ့ အဓိကအချက်မှာ ရန်သူကို အရင်ဒဏ်ရာရအောင် လုပ်ရမည်ဖြစ်သည်။

စနိုးနှင့် ချူချူယန် တို့၏ စွမ်းအားကိုမြင်ပြီး ဒဏ်ရာရစေရန် မပြောနှင့် သူတို့အနီးကပ်ရန်ပင် အလွန်ခက်ခဲကြောင်း သိနိုင်သည်။
အင်း..ငါအခုတော့ ပိပိရိရိနေတာကောင်းလိမ့်မယ်။
ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းသည် ဂိမ်း၏ သော့ချက်ပင်။ သမင်တောင်၏မြို့တော်ရှင် ကားထဲက ဝေရှောင်ပေါင် တောင်မှ ဓားတစ်လက်နဲ့ မိန်းမလှ၇ယောက်ရဲ့ အချစ်ကို သိမ်းနိုင်ခဲ့တာပဲ။ ငါက ဒီဓားကိုသုံးပြီး ၇၀လောက် သိမ်းနိုင်မှာသေချာတယ်။ ငိငိ။

နေစမ်းပါဦး ။
ဇူအန် မျက်တောင်ခတ်လိုက်သည်။
ငါ့ကိုယ်ငါခြစ်မိလိုက်ရင်ရော သေမှာလား။

သူ့လက်ထဲမှ ဓားကို ကြည့်လိုက်၍ စမ်းသပ်ချင်စိတ်ပေါ်လာသည်။
သို့သော် ထိုအတွေးကို ခပ်မြန်မြန်ငြင်းလိုက်သည်။
ဒါက ငတုံးသေနည်းပဲ။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin