Ep 51

195 16 5
                                    

Unicode

လက်မှနာရီအားကြည့်လိုက်လေတော့ ညနေငါးနာရီပင်ခွဲနေလေပြီ။ကားအားဂရုတစ်စိုက်မောင်းရင်းသာ အိမ်သို့ပြန်လာခဲ့သည်။
မြေကတစ်နေ့တစ်ခြား ပိုပိုပြီးကိုချစ်စရာကောင်းလာသည်။
ဖြစ်သာဖြစ်နိုင်ရင် ယခုချက်ချင်းသာ တိမ်ရောင်လင်း လက်ထပ်လိုက်ချင်ပါသည်။သို့ပေမယ့်လည်း မြေ၏ အနာဂတ်ကရှိနေလေတော့ သူဖြစ်ချင်သည့်အရာကိုစိတ်လျော့ထားရသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့မိုးစက်ဟန်၏ကောင်လေးအကြောင်းတွေးမိလေတော့ ခေါင်းနောက်ရသွားပြန်သည်။
တစ်ဖက်သားအပေါ် မတရားလုပ်ရာကျနေမလားမသိပေမယ့်လည်း ဒီခန္ဓာကိုယ်လေးအားတစ်ခြားသူကိုမပေးလိုက်ချင်ပါ။တစ်ခြားသူရဲ့ခန္ဓာကိုယ်ဆိုပေမယ့်လည်း ခန္ဓာကိုယ်ထဲမှာရှိနေတဲ့သူက သူချစ်ရတဲ့စိမ်းလန်းမြေပင်။

စတီယာအခပ်တင်းတင်းဆုပ်ကိုင်ရင်းသာ ရှေ့ဆက်ဖြစ်လာမည့်အရာကိုတွေးရင်း ရင်မောရပြန်သည်။သူ့အချစ်ကတော့ ဘာမှအပူအပင်မရှိတဲ့အတိုင်းပဲ။

ခြံရှေ့ရောက်နေပြီမို့ တွေးလက်စအတွေးများက အပြီးသတ်ကာ ကားဟွန်းတီးလိုက်လေသည်။ခြံတံခါးပွင့်လာလေတော့ ကားဘီးအားလှိမ့်ရုံမျှသာမောင်းလာသည်။
ကားပေါ်မှဆင်းကာ အိမ်ထဲဝင်မည်လုပ်တော့ ဖိနပ်စင်ပေါ်တွင် တွေ့ရသော ဖိနပ်ကြောင့် လင်္ကာချောရောက်နေပြီကို သိလိုက်သည်။ဒီနေ့တော့ ကိစ္စအဝဝမှန်သမျှကိုသူအပြီးဖြတ်တော့မယ်။အခုတစ်လော သူနှင့်မြေ့ကြားသူစိမ်းကြောင့်ရန်ဖြစ်ရသည်မှာ စိပ်လာပြီဖြစ်သည်။ထိုသို့သူထပ်ပြီးအဖြစ်မခံနိုင်တော့။ထို့ကြောင့်လည်း သူဖြေရှင်းနိုင်တဲ့ကိစ္စကို သူဖြေရှင်းတော့မည်။

အိမ်ထဲသို့ဝင်ဝင်ချင်း ဧည့်ခန်းထဲတွင်ထိုင်နေသော ‌အမေနှင့်ချောအားတွေ့လိုက်ရသည်။မိမိ၏အမေက ချော၏လက်အားကိုင်ကာတစ်ပြုံးပြုံးနှင့်ဘာတွေပြောနေလည်းမသိ။ထိုနည်းတူစွာ ချောကလည်းပြုံးနေပြန်သည်။မသိချင်ယောင်ဆောင်ကာ အပေါ်သိုတတ်သွားမည်အလုပ်.....

"သား...တိမ်ရောင်...ဒီကိုခဏလာပါဦးကွယ်"

‌အမေရှိရာဆီသို့သာသွားလိုက်သည်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now