Ep 50

223 19 2
                                    

Unicode

A/N ဂျေမောင်မောင်ရဲ့အိပ်မက်မက်တယ် သီချင်းလေးနားထောင်ပြဖတ်ရင်ပိုကောင်းပါတယ်လို့။

လက်ညိုးနှင့်လက်ခလယ်အားသုံးပြီး မူးနောက်နေသော နားထင်အားအသာဖိကာ ထလိုက်သည်။
မျက်လုံးအား အားယူကာ အသာဖွင့်ရင်း ဝေ့ကြည့်လိုက်မိလေတော့ မိမိအခန်းထဲသို့ပြန်ရောက်နေပြီ။
ညကဘယ်လောက်ထိသောက်မိမှန်းသူ့ကိုယ်သူမသိတော့။
အိမ်ကိုတောင် သူ့သူငယ်ချင်းတွေလိုက်ပို့ပေးခဲ့တာဖြစ်မည်။ဘေးနားရှိ စားပွဲတင်နာရီအားကြည့်လိုက်လေတော့ လေးနာရီလေးဆယ့်ငါးမိနစ်။

စားပွဲပေါ်ရှိရေဘူးအားလှမ်းယူရင်း သောက်လိုက်သည်။
ခေါင်းကယခုမှကြည်သွားသလိုခံစားရလိုက်သည်။

ဒေါက်! ဒေါက်! ဒေါက်!

တံခါးခေါက်သံခပ်ပြင်းပြင်းကိုကြားသည်မို့ ခန္ဓာက်ိုယ်အား အသာထိန်းရင်း အိပ်ရာထပ်မှဆင်းခဲ့လိုက်သည်။
ဒီအချိန်တံခါးခေါက်တဲ့သူက မားကလွဲပြီးဘယ်သူရှိဦးမှာလည်း။
သူညက လူမှန်းမသိတဲ့အထိသောက်လာတဲ့အကြောင်းမေးမလို့နေမှာ။

ယိုင်နဲ့သွားသော ခန္ဓာကိုယ်အားထိန်းရင်း တစ်ဖြည်းဖြည်းလျှောက်ကာ တံခါးကိုဖွင့်ပေးလိုက်သည်။

"ဟင်!.."

သူ၏မားဟုထင်ထားပါသော်လည်း ထိုသူမှာ မား မဟုတ်ဘဲတစ်ခြားသူဖြစ်နေလေသည်။

"အကပ်!.."

Shirtအဖြူနှင့်ဘောင်းဘီအဖြူအရှည်လေးအားဝတ်ထားသောသူ့ကလေးငယ်။
နွမ်းလျလျရှိနေသော မျက်နှာထက်တွင် အပြုံးမှာကရှိမနေ။
ဆွေးမြမြ မျက်ဝန်းများဖြင့် သူ့အားကြည့်နေပြန်သည်မို့ စိုးရိမ်စိတ်များက ဒီဂရီမြင့်လာသည်။

"အကပ်လေး...ဒီအချိန်ကြီးဘာလာလုပ်တာလည်း...တစ်ယောက်တည်းလား...ဘာနဲ့လာတာလည်း"

တရေစပ်မေးနေသောငြားလည်း ဘာတစ်ခွန်းမှမဖြေဘဲ မျက်ဝန်းဆွေးများနှင့်သာသူ့အားစိုက်ကြည့်နေသော် ကလေးငယ်ကြောင့် ရှေ့တစ်လှမ်းတိုးလိုက်မိသည်။

"အကပ်!..."

သစ် ရှေ့တစ်လှမ်းတိုးချိန်တွင် အနောက်သို့ တစ်လှမ်းရွေ့သွားသော အကပ်ရဲ့ခန္ဓာကိုယ်။
ဒီအတိုင်းရပ်နေပြီး လမ်းမလျှောက်ဘဲနေတာတောင် အနောက်သို့ရွေ့သွားသော အကပ်ကြောင့် သစ် မျက်လုံးများပြာလာရသည်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now