Ep 31

220 28 1
                                    

Unicode

ဆရာလေးအိမ်သို့ပြန်လာချိန်တွင်တော့ ဆရာလေးကနိုးတောင်နိုးနေလေပြီ။သူသွားတာကလည်းကြာသွားတာကို။

"ဘာလို့အပြင်မှာထွက်ထိုင်နေတာလည်းဆရာလေး လေစိမ်းတွေတိုက်မယ်လေ"

"ကိုယ်သက်သာနေပါပြီ"

ဧည့်ခန်းထဲတွင်ထိုင်နေသော ဆရာလေးအား ပြောရင်း ခေါင်းရင်းရှိပြတင်းပေါက်ကိုသွားပိတ်လိုက်တော့သည်။ထို့နောက်ဆရာလေး၏မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

"‌ဘာစားပြီးပြီလည်းဟင်...ကျွန်တော် ဆန်ပြုတ်တော့ပြုတ်လာပေးတယ်"

"ဘာမှတော့မစားရသေးဘူး"

"ဒါဆိုအတော်ပဲ အခုဆန်ပြုတ်လေးစားပြီး ဆေးသောက်လိုက်နော်"

"အင်း...ဒါနဲ့ ဒီဆန်ပြုတ်က စိမ်းလန်းမြေ လုပ်လိုက်တာလား"

"ဟီး!...ဟုတ်ဘူး"

"ထင်သားပဲ"

ဆရာလေး၏အပြုံးခပ်ပါးပါးလေးကိုမြင်တော့ စိတ်မလုံဖြစ်ရသေးသည်။သူဘာမှမလုပ်တတ်မှန်း ဆရာလေးကအသိဆုံး။

"အာ!...ဒီတစ်ည ဒီမှာအိပ်လို့ရလားဟင်"

"ဘာလို့လဲ...အိမ်နဲ့ရန်ဖြစ်လာလို့လား"

"မဖြစ်ပါဘူးဆရာလေးရဲ့ ဆရာလေးကနေမကောင်းဘူးလေ အဲ့ကြောင့်ပါ"

"အော်...ကိုယ့်ကိုစိတ်မပူပါနဲ့"

"မပူပါဘူး...ဒါပေမယ့် ညရေးညတာတော့ အကူအညီလိုမှာလေ"

"ဟုတ်ပါပြီကွာ...တစ်ညတင်မဟုတ်ဘူး နှစ်ညသုံးညအိပ်လည်းရတယ်ဟုတ်ပြီလား"

"ဟုတ်ဟုတ် ဆန်ပြုတ်လုပ်ပေးမယ်နော်"

ခေါင်းငြိမ့်ပြလာသောဆရာလေးအားပြန်၍ပြုံးပြရင်း ချိုင့်များကိုဖွင့်လိုက်ပြီး အဆင်သင့်ပါလာသောဇွန်းကိုချိုင့်ထဲတပ်ပေးပြီး ဆရာလေးရှေ့ချပေးလိုက်သည်။

"များများစားနော် ဆရာလေး...အနွေးထည်ဝတ်ထားပါလား"

"ရပါတယ်...‌ဒီလောက်တော့ဘာမှမဖြစ်ပါဘူး ပြတင်းပေါက်တွေကိုလည်း အကုန်လိုက်ပိတ်ထားပြီးပြီမဟုတ်လား"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now