Ep 4

482 49 0
                                    

"မေမေ သား ပြန်လာပြီ"

"သားလေး လာဦး လာ မေမေ့ ဘေးမှာလာထိုင် မေမေ ဧည့်သည်တွေနဲ့မိတ်ဆက်ပေးမယ်"

"ဟုတ်ကဲ့"

မိုးစက်ဟန် တစ်ယောက် မိမိအခန်းထဲမသွားတော့ဘဲ မေမေ ခေါ်တဲ့ ဧည့်ခန်းထဲကိုသာ သွားပြီး မေမေ့ဘေးနားတွင် ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။

"ပန်းသစ် ရေ ဒါက မိုး သား လေ မိုးစက်ဟန် တဲ့ သား ဒါက မေမေ့ ငယ်သူငယ်ချင်းဖြစ်တဲ့ အန်တီပန်းသစ်တဲ့"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် အန်တီ"

"အန်တီပန်းသစ်ကို သားမသိပေမယ့် အန်တီပန်းသစ်ရဲ့ခင်ပွန်းကိုတော့ သား သိမယ်ထင်တယ်"

"အန်တီပန်းသစ်ရဲ့ခင်ပွန်း.... ဘယ်သူလည်း မေမေ"

"မေမေတို့ဆီ ခဏခဏလာတဲ့ ဦးလေး ရဲသွေး လေ"

"အော် ဦးလေး ရဲသွေးလား သားသိတာပေါ့"

"အဲ့တာ အန်တီပန်းသစ်ရဲ့ခင်ပွန်းလေ သားရဲ့"

"သားက အန်တီ ခင်ပွန်း ကိုဘယ်လိုသိတာတုန်းကွယ့် သားနဲ့ရင်းနှီးလား"

"ရင်းနှီးတာပေါ့ဗျ ဦးလေးရဲသွေးက သားကို ကျားထိုးတာသင်ပေးတယ် ဘတ်စကတ်ဘော ကစားတာသင်ပေးတယ် ဦးလေးရဲသွေးက အရမ်းခန့်ပြီး အရမ်းတော်တာ အန်တီကလည်း အရမ်းချောတယ်ဆိုတော့ ဦးလေးနဲ့အန်တီကတစ်ကယ်လိုက်တယ် သိလား အခုတောင်ဒီလောက်ချောကြတာ ငယ်ငယ်တုန်းကဆို ဒီ့ထပ်အများကြီးပိုချောကြမှာကျိန်းသေတယ်ဗျ"

"အမလေး မမိုးစက်မွန် ရေ ရှင့်သားလေးက အတတ်နော်"

"အဲ့ဒါ သူ့အဖေ နဲ့တူတာလေ ပန်းသစ်ရဲ့ သူ့အဖေဘယ်လောက်ထိ စကားအပြောကောင်းလည်း ပန်းသစ်တို့အမြင်ပဲလေ"

"ဟုတ်ပ ဟုတ်ပ ဦးဟန်ပုံ လည်း အရမ်းတွေစကားအပြောကောင်းတာ အဲ့ဒါကြောင့်လည်း စီးပွားရေး လောကရဲ့ဘုရင်တစ်ဆူလိုဖြစ်နေတာပေါ့"

" ဒါနဲ့ ပန်းသစ်တို့ကရန်ကုန်ကိုအပြီးပြောင်းလာတာလား"

"ဟုတ်တယ် မိုးရဲ့ အပြီးပြောင်းလာတာ ဒီမှာက ‌ခင်ပွန်းနဲ့သားလည်းရှိတယ်ဆိုတော့လွှတ်ထားလို့မရဘူးလေ အရင်ကဆို တစ်ပတ်တစ်ခါလောက် ပုသိမ်ကိုပြန်လာပေမယ့် အခုများတော့ဒီသားအဖနှစ်ယောက်က ရန်ကုန်မှာတင်အခြေချနေသလားတောင်မှတ်ရတယ် ပြန်ကိုမလာတော့ဘူး အဲ့တော့လည်း ပန်းသစ်ကပဲလိုက်လာရတော့တာပေါ့"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now