Ep 48

192 23 3
                                    

Unicode

"အရမ်းတွေများအလုပ်ရှုပ်နေတာလားဆရာလေး...ကျွန်တော်
နှောင့်ယှက်မိသလိုများဖြစ်သွားလား"

"မြေ..."

Centerတစ်ခုတွင် ဈေးဝယ်ထွက်နေသော ဆရာလေးနှင့်တီချယ်လင်္ကာချောကိုတွေ့သောကြောင့် ဒီတစ်ခါတော့ ရှောင်ပြေးမနေဘဲသွား၍နှုတ်ဆက်လိုက်တော့သည်။

"မိုးစက်ဟန်...ဘယ်ကိုလာတာလည်း"

"ဒီကိုပဲလာတာပါ တီချယ်.."

"တစ်ယောက်တည်းလား"

"အဖော်ပါပါတယ်"

"အော်.."

"မြေ...ကိုယ်.."

ဆရာလေးက မြေ့ လက်အားဆွဲလာသည်မို့ အနောက်ကိုသာဆုတ်လိုက်တော့သည်။တီချယ်လင်္ကာချောနှင့်ယခုလိုတွေသွားနေကြောင်း ပြောမလား ‌ဆိုပြီး မြေ့ ဘက်ကစောင့်ခဲ့ရသည်မှာကြာပြီဖြစ်သည်။ဆရာလေးမှာအကြောင်းရှိမှာပါလို့ ဖြည့်တွေးထားလည်း ကိုဖြိုးနှင့်ကိုထက်တို့ကပါ "မင်းဆရာလေးကိုတီချယ်လင်္ကာချောနဲ့တွေ့ခဲ့တယ်"ဆိုပြီး ခဏခဏပြောလာလေတော့ မြေ ၏သည်းခံနိုင်စွမ်းကနည်းနည်းလေးမှမရှိတော့။

စချစ်ရတဲ့သူက မြေ။
ဆရာလေး၏အချစ်ကို ရဖို့ကြိုးစားရတဲ့သူက မြေ။
ဆရာလေး မြေ့ ကိုဘယ်လောက်ထိချစ်လည်းဆိုတာ သိပေမယ့်လည်း ဆုံးရှုံးရမှာကိုတော့ မြေ သေမလောက်ကြောက်ပါသည်။
တစ်ဖက်ကသူက အစစအရာရာပြည့်စုံနေတဲ့ မိန်းမသား။
ထို မိန်းမသားကို မြေ ကယှဉ်နိုင်ပါမယ်တဲ့လား။
စိုးရိမ်စိတ်တွေနဲ့အိပ်စက်ရပြီး စိုးရိမ်စိတ်တွေနဲ့နှိုးထရတဲ့မနက်ခင်းတွေက သိပ်ကိုဆိုးရွားလှပါသည်။
ယခုလည်း ဘေးပတ်ဝန်းကျင်ကလူများကပါ "ဆရာလေးနှင့်တီချယ်လင်္ကာချောကို အရမ်းလိုက်ဖက်ပါတယ်" တဲ့လေ။

"အကပ်!..ရုတ်တရက်ကြီးဘယ်ကိုထွက်သွားတာလည်း ဟင်...ကိုယ်တစ်ကယ်လန့်သွားတာ အကပ်ပျောက်သွားပြီထင်ပြီး ကိုယ်အရမ်းလန့်သွားတာ"

သူ၏ လက်အားကိုင်လိုက်၊ပါးအားကိုင်လိုက်၊ဆံပင်များအားခပ်ဖွဖွကိုင်လိုက်နှင့်လုပ်နေသော အကိုရဲသွေးသစ်ပုံစံက မောနေသည်။ဟုတ်သားပဲ...ဆရာလေးကိုယခုလိုမြင်လိုက်ရတော့ သူစိတ်မထိန်းနိုင်ဘဲ အကိုရဲသွေးသစ်ကိုထားခဲ့မိတာ။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now