Ep 11

353 39 0
                                    

Unicode

3.3.2016

"ကိုကို မျက်နှာကဘာဖြစ်နေတာလည်းဟင်"

"အကပ် သူက ဘယ်သူလည်း သူအကပ်အပေါ်ကိုကြည့်တဲ့မျက်လုံးတွေ ကိုကိုမကြိုက်ဘူး သူနဲ့မပေါင်းနဲ့"

"အာ...မဟုတ်ပါဘူး ကိုကိုရဲ့ သူက အကပ် အတန်းဖော်ပါ မင်းထက်ခန့်ကျော်ကို ကြွေနေတဲ့တစ်ယောက်လေ ဟိုကသူ့ကိုအဖက်မလုပ်လို့ အကပ်ကို အကူအညီလာတောင်းတာ"

"ရှုပ်ရှုပ်ယှက်ယှက်တွေနော် အကပ်"

မျက်ထောင့်နီနဲ့ ကိုကို ကိုကြည့်ရင်း အကပ်အားရပါးရ ရယ်မိသည်။အင်း သူနဲ့ကိုကို တွဲနေကြတာ တစ်လနီးပါးရှိပြီ။သူ့သူငယ်ချင်းတွေကိုတော့မပြောဖြစ် ကျွန်တော်ထပ် ၃နှစ်ကျော်၄နှစ်နီးပါးလောက်ကြီးတဲ့သူမို့ ကိုကို လို့ခေါ်ဖြစ်ခြင်းပင်။တစ်နည်းအားဖြင့် အကိုရဲသွေးသစ်အပေါ် အားကိုးခြင်း။မယုံနိုင်စရာတစ်ခုပြောင်းလဲသွားသည်က သူက အရင်ကမိုးစက်ဟန်နဲ့မတူတော့ဘဲ ကိုကိုအပေါ်ကြောင်ပေါက်လေးသကဲ့သို့ ကပ်ချွဲနေခြင်းပင်။ကိုကိုကအစ သူ့ကို အကပ်လေး လို့ခေါ်ရသည့်တိုင်အောင်။သို့ပေမယ့်လည်း ကိုကိုနှင့်စိတ်အခန့်မသင့်လို့ရန်ဖြစ်တိုင်း ကျွန်တော့်ဘက်က လိုက်ချော့ရသည်။နေမှမနေနိုင်ဘဲ အဲ့တော့လည်းလိုက်ချော့ရတာပေါ့။ကိုကိုနှင့်ပတ်သတ်ရင် အရင်ကထပ်ပိုပြီးပျော့ညံ့လာတာကိုတော့သတိထားမိသည်။

သူ ကိုကို ကို အဖြေပေးခဲ့သည်က ဇာတ်လမ်းတွေထဲကလို romanticမဆန်သလို ကိုကိုဘက်ကလည်း ငါအဖြေရပြီ ဟူ၍ထမခုန်ခဲ့။‌အအေးဆိုင်တစ်ဆိုင်မှာတွင် အေးအေးဆေးဆေးအဖြေပေးခဲ့ခြင်းသာ။

"ဘယ်သွားကြမလည်း အကပ်"

"ကိုကို သဘောလေ ကိုကိုသွားချင်တဲ့နေရာကို အကပ်ကလိုက်မယ်"

"Hotel"

"အကို ရဲ‌သွေးသစ်!!!"

"ဟား ဟား ကိုကို ကစတာပါ အကပ်ရာ အော်မယ်ဆိုတာကြီးပဲ"

"ရယ်သံကိုကလူယုတ်မာရယ်သံနဲ့"

"အကပ်လေးကတစ်ကယ်ချစ်ဖို့ကောင်းလိုက်တာ"

"အဲ့လို ပြောပြီး ဘယ်ကောင်မလေးတွေခြွေပြီးပြီလည်း မှန်မှန်လိမ်"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now