Ep 54

157 21 1
                                    

Unicode

ခြံထဲရှိ ဒန်းပေါ်တွင်ထိုင်ရင်းသာ ကောင်းကင်ရှိတိမ်တွေကိုငေးကြည့်နေမိသည်။ဆရာလေးနှင့်အနေဝေးရသလောက် အကိုရဲသွေးသစ်နှင့်တော့ ပို၍ခင်မင်လာရသည်။ဆရာလေးက မိမိထပ် တီချယ်လင်္ကာချောနှင့်သာ ပိုရင်းနှီးနေတာ။မိမိကသာ ဆရာလေးနဲ့တီချယ်လင်္ကာချောတို့ရဲ့ဘဝထဲကိုဝင်လာမိတာ။

"အကပ်.."

"အကိုရဲသွေးသစ်"

"အကုန်စီစဉ်ပြီးပြီ"

"ဟုတ်"

အကိုရဲသွေးသစ်နဲ့အန်တီပန်းသစ်လာလည်သောကြောင့် ထမင်းပွဲပြင်နေခြင်းပါ။မြေက ဘာမှမလုပ်တတ်သောကြောင့် အပြင်ထွက်တိုင်းနေခြင်း။

"အိမ်ထဲဝင်မယ်လေ"

"ဟုတ်"

မတ်တပ်ထရပ်လိုက်ကာ အိမ်ထဲသို့သာလျှောက်သွားလိုက်သည်။ထမင်းစားခန်းထဲတွင်ထိုင်နေသော မေမေနှင့်အန်တီပန်းသစ်အားပြုံးပြကာ မေမေဘေးနားရှိခုံတွင်ဝင်ထိုင်လိုက်သည်။

"ဟင်းတွေကမွှေးနေတာပဲ မေမေကအတော်ဆုံး"

"သားမိုးစက်လေးလည်းတော်ပါတယ်ကွယ်"

အန်တီပန်းသစ်ကဆိုလာလေတော့ မြေ ပြုံးသာပြုံးပြလိုက်ရသည်။

"အတိတ်မေ့တဲ့အချိန်ကစပြီး ဟင်းချက်နည်းတွေလည်း မေ့သွားတယ်လေ ပန်းသစ်ရယ် ဟင်းချက်နည်းမပြောနဲ့ မောင်းနေကျကားတောင်မမောင်းတတ်တော့ဘူးလေ ပြန်သင်ပါဆိုတာကို ဘယ်လိုပြောပြောကိုမရဘူး အမြဲတက္ကစီပဲစီးနေတော့တာ"

"အရင်တုန်းက ကားမောင်းတာကို သားသစ်သင်ပေးခဲ့တာမဟုတ်လား...အခုလည်း သားသစ်ကပဲ ပြန်သင်ပေးလိုက်လို့ရတာပဲကို"

အန်တီပန်းသစ်စကားကြောင့် ဇွန်းကိုင်ထားသောလက်တို့ကရပ်တန့်သွားသည်။မသင်ချင်၍မဟုတ်ပါ။သူကြောက်နေခြင်းပါ။

"အဲ့လိုဆိုတော့လည်း အဆင်ပြေတာပေါ့ ပန်းသစ်ရယ်...သားသစ်ကရော အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့...ကျွန်တော်က အဆင်ပြေတယ် မိုးစက်ဘက်ကသာ..."

"မိုးစက်လေးကလည်းအဆင်ပြေပါတယ်ကွယ်..ဟုတ်တယ်မှတ်လားသားလေး"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now