Ep 47

187 23 4
                                    

Unicode

အိမ်သို့ပြန်ရောက်တည်းက မြေ တစ်ယောက်ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။ထပဲထရမလိုလို ထိုင်ပဲထိုင်ရမလိုလိုနဲ့ဘာလုပ်ရမှန်းတစ်ကယ်မသိ။သူပို့ထားတဲ့စာကို ဆရာလေးမြင်ပါရဲ့လား။အကိုရဲသွေးသစ်နှင့်အပြင်မသွားခင်တည်းက ပို့ထားတဲ့စာကို ယခုချိန်ထိ replyမပြန်သေး။

ဖုန်းအားယူလိုက် ပြန်ချလိုက်လုပ်နေရင်းနဲ့ပင် သက်ပြင်းကိုအခါခါချမိသည်။ဆရာလေးစိတ်ကိုသူနားမလည်တော့။သူ့စာကို replyမပြန်ရလောက်အောင်အထိ တီချယ်လင်္ကာချောနဲ့ဘာတွေအလုပ်ရှုပ်နေရတာလည်း။

"ဟင်း..."

သက်ပြင်းရှည်ကြီးအားချရင်းသာ အိပ်ရာပေါ်တွင်ရှိနေသောဖုန်းကိုလှမ်းကြည့်နေမိသည်။ဘယ်အချိန်ရှိနေပြီလည်း ၆နာရီပင်ခွဲတော့မည်။ထိုစဉ်....

"ဖုန်းလာပြီ"

ဖုန်းလေးအား အပြေးကိုင်လိုက်လေတော့ တစ်ဖက်မှဆရာလေး၏အသံက ကြည်ကြည်လင်လင်။

"‌sorryကိုယ့်အချစ်...ကိုယ်အခုမှအားတယ်"

"ရပါတယ်... မြေ ပို့ထားတဲ့စာကိုမြင်ရဲ့လားဟင်"

"ခုနက‌လေးတင်ကြည့်လိုက်တယ်...ဘယ်သူနဲ့သွားတာလည်း မြေ"

"အသိနဲ့ပါ"

"ဟုတ်ပါပြီဗျာ...ကိုယ့်ကိုပြောပေးလို့ ကိုယ့်အချစ်ကိုအများကြီးကျေးဇူးတင်ရပါတယ်"

"ရပါတယ်"

"ထမင်းစားပြီးပြီလား မစားရသေးရင်စားဦး"

"စားပြီးပါပြီ...ဒါနဲ့ ဒီနေ့တစ်နေ့လုံး ဘာလုပ်နေတာလည်းဟင်...မြေ့ ဆီဖုန်းလေးတစ်callတောင်မဆက်ဘူး"

"ကိုယ်အလုပ်ရှုပ်နေလို့ပါ"

"အော်..."

"ဒါဆို ဒါပဲနော်ကိုယ့်အချစ်...ရှစ်နာရီလောက်ကျ ကိုယ်လိုင်းတတ်ခဲ့မယ်"

"ဟုတ်ကဲ့"

callကကျသွားပြီဖြစ်သော်လည်း ဖုန်းအားနားမှာကပ်ထားမိနေတုန်းပင်။ဒီနေ့ဘာတွေလုပ်လည်းဆိုတာကို ဆရာလေးကမပြောပြပေဘူးပဲ။မေးမယ့်သိရမယ့်အလုပ်တော့ မြေ မလုပ်ချင်ပါ။ထားပါလေ...ညကျလိုင်းတတ်ရင်ပြောလောက်မှာပါ။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now