Ep3

322 11 0
                                    

"မင်းတို့ကကွာ တစ်ကယ်ကို အကျင့်မကောင်းတာ အခုတော့စာတွေလွတ်ကုန်ပြီ"

"မင်းကလည်း ဘာဖြစ်လည်း တစ်ခါတစ်လေလေးအတန်းပျက်တာကို"

"တစ်ခါတစ်လေလေး အတန်းပျက်တယ်လို့ပြောရအောင် ကျောင်းတတ်တာဘယ်နှစ်ရက်ရှိသေးလို့လည်း ၁ပတ်တောင်မပြည့်သေးတာကို"

"တော်ကြပါတော့ကွာ ကျော်ကြီးလည်းတော်တော့ မိုးစက် မင်းလည်းတော်ပါတော့ကွာ ဘယ်လိုပဲဖြစ်ဖြစ် အတန်းကပြေးပြီးပြီပဲကို"

"အတန်းပြေးတဲ့နေရာကလည်း ကစားကွင်းတဲ့လား ဘာလည်း မင်းတို့က နို့မပြတ်သေးတဲ့ကလေးတွေလား"

"ငါလည်း ဘယ်ပြေးရမလည်းမသိတာနဲ့ ငဖြိုးက ဒီနေရာကောင်းတယ် ဆိုလို့လေ"

"အေး ကျော်ကြီး မင်းကိုတော့ အန်တီ နဲ့တိုင်ပြီပဲ"

"ဘာလို့လည်းကွာ မင်း ဒီနေရာကိုသဘောမကျဘူးလား"

"ကျစရာလားကွ ကလေးကလားနဲ့"

"အံမယ် မင်းကသာ ကလေးကလား ပြောနေတာ မင်းပုံစံနဲ့ဆို ဒီနေရာကအလိုက်ဆုံးပဲ"

"ဒီခွေးကောင် ကျော်ကြီး ကတော့"

ရန်ဖြစ်နေသော သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်း ‌ဇေယျာဖြိုး လက်မြှောက်ထားလိုက်တော့သည် သူတို့က အမြဲကို ကိုက်နေကြသည်မဟုတ်လား ပြီးရင်လည်း ဘာမှမဟုတ် ပြန်တည့်သွားကြသည်ပင် ကျော်ကြီးက အသေစ ဟိုကောင်က နည်းနည်းလေးမှသည်းမခံတတ် အဲ့တော့လည်း အမြဲတမ်း စကားများကြသည်ပင် မိုးစက်နှင့်ကျော်ကြီးတွင် တူညီသည့်အရာဆိုလို့ သိပ်မရှိပေ LGBT ကိုထောက်ခံ သည့် အရာတစ်ခုသာ တူသည် ကျန်တာတွင်တော့ မတူလို့ အမြဲတမ်းရန်ဖြစ်ရစမြဲ ​ကျော်ကြီးကအဖြူဆို မိုးစက်က အမဲ မိုးစက်က မိုးရာသီဆို ကျော်ကြီးက နွေရာသီ တစ်ယောက်ကတောင်ဆို တစ်ယောက်က မြောက် သို့ပေမယ့်လည်း သူတို့၏ friendship သည်မည်သူမှခွဲမရတဲ့အထိခိုင်မြဲလွန်းသည်။

"ကဲကဲ တော်ကြတော့ ဘယ်လိုပဲဖြစ်ဖြစ် ရောက်လက်စနဲ့တော့ တစ်ခါတည်းဆော့ကြမယ် လာလာ ကိုက်မနေကြနဲ့တော့ ခွေးနှစ်ကောင်တို့ရေ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now