Ep12

326 38 0
                                    

Unicode

"ဒီနှစ် သင်္ကြန်က အရင်နှစ်တွေကထပ်ပိုစည်တယ်နော် ပိတောက်တွေကလည်းစောပြီးပွင့်တယ်"

"အကပ်က ပိတောက်ပန်းကိုကြိုက်တာလား"

"ဟင့်အင်း အကပ်က နေကြာပန်းကိုကြိုက်တာ"

"အဓိပ္ပာယ်တစ်ခုခုရှိလို့ ကြိုက်တာများလား"

"ဟုတ်တယ် ကိုကိုရဲ့ နေကြာတွေကသိပ်ကိုအချစ်ကြီးတာလေ နေမင်းကြီးမျက်နှာတစ်ကမ္ဘာထင်တဲ့ပန်းလေးတွေ သူ့ရဲ့ချစ်တတ်ပုံကိုသဘောကျလို့ အကပ်က နေကြာပန်းလေးကိုကြိုက်တာ"

"အော် နေကြာ မှာအဲ့လိုအဓိပ္ပာယ်ရှိမှန်းအခုမှပဲသိတယ်"

"သူများတွေဆို ကိုယ်ချစ်ရတဲ့သူကိုပြောကြတယ်လေ နေကြာတွေလို နေမယ်ဆိုကြာကြာနေပါဆိုပြီး"

"အကပ်ကရော ကိုကို ဘေးနားမှာကြာကြာနေမှာလား"

"နေမှာပေါ့ ကိုကိုရဲ့ အကြာကြီးနေမှာ နောင်ဘဝ နောက်ဘဝတွေရှိခဲ့ရင်တောင် အကပ်က ကိုကိုဘေးမှာပဲနေမှာ"

"အတတ်ကလေး"

"ကိုကို့လောက် မတတ်ပါဘူးနော်"

"ဟုတ်ပါပြီဗျာ ဒါနဲ့ အန်တီမွန်ကို ဘယ်လိုပြောခဲ့လည်း"

"မေမေကိုလား အကိုရဲသွေးသစ်အိမ်မှာ သင်္ကြန်ရက်လေးနေချင်လို့ ခွင့်ပြုပေးပါဆိုပြီးပြောခဲ့တာလေ မေမေကလည်းခွင့်ပြုပေးပါတယ်"

"အန်တီမွန်က ကိုယ်နဲ့ဆိုစိတ်ချတယ်လေ"

"လူဆိုးကြီးဆိုတာကို မေမေကမသိသေးလို့ပါ"

"အဲ့ဒီလူဆိုးကြီးက အကပ်လေးကိုအရမ်းချစ်ပေးတယ်လေ"

"ကိုကို ကို နိုင်အောင်မပြောနိုင်ပါဘူးဗျာ"

"ကဲပါ ရေကစားကြမလား"

"ဟင့်အင်း ရေကစားရတာမကြိုက်ဘူး"

"ဘာလို့လဲ အကပ်ရ"

"ရေတွေစိုတဲ့ခံစားချက်ကြီးကိုမကြိုက်ဘူး"

"ကိုကို က သင်္ကြန်ဆိုရေကစားရတာကြိုက်တာ"

"သွားကစားလေကိုကိုရဲ့ ဟိုမှာတွေ့လား ရေကစားနေတဲ့ ပျိုမဒီလေးတွေ ‌ရောင်စုံလေးတွေနဲ့ ဘယ်လောက်တောင်ကျက်သရေရှိလိုက်လည်း သွားကစားပါနော် အကပ်ကဒီကနေကြည့်နေမယ်"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now