Ep15

390 43 2
                                    

Unicode

ဖတ်လက်စ စာအုပ်လေးကို အံဆွဲထဲနေရာတကျပြန်သိမ်းထားရင်း မျက်မှန်ကိုချွတ်ကာ ဘူးလေးထဲထည့်ပြီး မိုးစက်ဟန် တစ်ယောက် ကုတင်ပေါ်တွင်နေရာယူပြီး ဖြေညှင်းစွာလှဲလျောင်းလိုက်သည်။ပင်ပန်းနေပြီ သူတစ်ကယ် ပင်ပန်းနေပြီ။အနီးအနားရှိဖုန်းကိုကောက်ကိုင်ကာ ရင်းနှီးနေကျဖြစ်သော မျက်မှန်မပါလျှင်တောင် သိနိုင်သော Contactတစ်ခုကိုခေါ်ဆိုလိုက်တော့ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာဆက်သွယ်၍မရနိုင်ပါ တဲ့။ထားပါလေ မနက်ဖြန်ကျစောစောလေးထပြီး ကိုကို အိမ်ကိုပဲလိုက်၍သွားပါတော့မယ်။

ည 2နာရီ။
2နာရီရှိပြီ သို့သော်ငြားလည်း မိုးစက်အိပ်မရပါ။ဖြစ်နိုင်ရင် အခုချက်ချင်းသာ ကိုကို အိမ်သို့သွား၍ တွေ့လိုက်ချင်ပါတော့သည်။မိုစက်ဟန် တစ်ယောက် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်းသာ တိတ်တဆိတ်ငိုနေမိတော့သည်။ပြဿနာတစ်ခုခုဖြစ်လာလျှင် ဘယ်လိုဖြေရှင်းရမည်ကိုအရင်မတွေးဘဲ မျက်ရည်ကသာ အရင်ကျလာသည့် သူ့ကိုယ်သူလည်းအရမ်းမုန်းပါသည်။ ပျော့ညံ့တယ် တဲ့ ကိုကိုက သူ့ကိုပျော့ညံ့တယ်လို့ပြောတယ်။ကိုကိုမသိလေသလား မိုးစက်ဟန် ဆိုတဲ့ကောင်လေးက ငယ်ငယ်လေးကတည်းကပျော့ညံ့ခဲ့တာကိုလေ။

မနက်5နာရီ။
မိုးစက်ခုထိ အိပ်မရသေးပါ။ကိုကို့အကြောင်းတွေပဲခေါင်းထဲတောက်လျှောက်ကိုစဉ်းစားနေမိသည်။ကိုကိုသူ့ကိုထားခဲ့ပြီလား မဖြစ်နိုင်ပါ ကိုကိုက သူ့ကိုအရမ်းချစ်တာ ကိုကိုက သူ့ကိုလက်ထပ်ဖို့အထိရည်ရွယ်ထားတာ ထားခဲ့တာလုံးဝလုံးဝမဖြစ်နိုင်ပါ။

မနက်7နာရီ။
လုံလောက်ပြီ လုံးဝကိုလုံလောက်ပြီ။အခုချိန်ဆို ကိုကိုနိုးနေလောက်ပြီ။သူ‌တစ်ညလုံးစောင့်ခဲ့ရသည့် အချိန်ကလည်းလုံလောက်ပြီမို့ သူ ကိုကိုအိမ်ကိုသွားတွေ့တော့မည်။ရေချိုးချင်စိတ်မရှိ၍ အဝတ်စားလဲ မျက်နှာသစ်ပြီးသာ သူ အိမ်အောက်ထပ်ကိုဆင်းလာခဲ့တော့သည်။

"သားမိုးစက် မနက်အစောကြီး ကျောင်းမသွားဘဲဘယ်သွားမလို့လည်း"

"ဒီနားခဏ မေမေ"

မေမေရဲ့ အော်ခေါ်သံကိုတောင်မစောင့်နိုင်တော့ဘဲ မိုးစက် အပြေးအလွှား ခြံထဲဆင်းပြီး ကားကိုသာမောင်းခဲ့တော့သည်။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now