Ep 43

201 25 11
                                    

Unicode

ခြေထောက်ချလိုက်သည်နှင့်တစ်ပြိုင်နက် လတ်ဆတ်သောလေအားရှုရှိုက်လိုက်မိသည်။ မမြင်ရတဲ့ လေကအစ နှစ်သက်ဖွယ်ကောင်းနေပါရောလား။ဒါဆိုရင် သူချစ်ရတဲ့ကောင်လေးကရော ဘယ်လောက်ထိ နှစ်သက်စရာကောင်းလိုက်ပါ့မလည်း။ဘယ်လောက်ထိချစ်စရာကောင်းလိုက်ပါ့မလည်း ပြီးတော့ ဘယ်လောက်ထိပြောင်းလဲသွားမလည်း။

အိတ်ကပ်ထဲတွင်ထည့်ထားသော ဘူးလေးအားစမ်းရင်း ကြည်လင်သောအပြုံးအားပြုံးမိသည်။ငါးနှစ်တောင်ကြာခဲ့ပြီ။ချစ်ရတဲ့ကောင်လေးက သူ့ကိုစိတ်ဆိုးကောင်းစိတ်ဆိုးနေနိုင်ပါသည်။သို့ပေမယ့်လည်း သူ့အပေါ်ကိုတော့ မပြောင်းမလဲချစ်နေသေးမည်ကိုသူယုံကြည်သည်။

ဂျပန်မှာနေတဲ့ ငါးနှစ်အတွင်း အကပ် အပေါ်ဘယ်လောက်ထိချစ်လည်းဆိုတာသူသိခဲ့ပါပြီ။သူ့ဘေးနားမှာရှိနေတဲ့အချိန်တုန်းက သူသတိမထားမိခဲ့ပေမယ့် ဝေးကွာနေတဲ့ နှစ်အတွင်းမှာ သူ့ကိုယ်သူ သိခဲ့ပါပြီ။အခုဆို သူ့ခြေထောက်ပေါ်သူရပ်တည်နေနိုင်ပြီဖြစ်‌၍ အကပ်နှင့်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းသွားတော့မည်။

ဘေးဘီဝဲယာကိုကြည့်လိုက်လေတော့ လာကြိုတဲ့သူများနှင့် ဖက်၍ငိုနေသောသူများအားတွေ့လိုက်ရသည်။ရဲသွေးသစ်အတွက် ဒါတွေကမလိုပါဘူး ဘာလို့လဲဆိုတော့ ခဏနေရင် သူချစ်ရတဲ့ကောင်လေးကိုတွေ့ရတော့မယ်လေ။သူမြန်မာနိုင်ငံကိုပြန်လာသည်ကို သူ့မားနှင့် dadတောင်မသိပေ။

"သခင်လေး ကားအဆင်သင့်ဖြစ်ပါပြီ"

သူ၏လူရုံအား Luggageအိတ်အားပေးလိုက်ရင်း မျက်မှန်အမဲအားတပ်ကာ လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်၍ လေယာဉ်ကွင်းမှထွက်လာခဲ့တော့သည်။

ဆွယ်တာမီးခိုးရောင်လက်ရှည်နှင့် pant အမဲအရှည်အားဝတ်ထားပြီး ထိုအပေါ်မှာမှ Longcoat အရှည်အား ပုခုံးနှစ်ဖက်ပေါ်တွင်တင်ရုံသာတင်ထားသည်။ဂုတ်ထောက်ထိရှည်သောဆံပင်များအား အနောက်ဘက်သို့လှန်တင်ကာ တစ်ဝက်ကိုစည်းထားပုံက သစ်နှင့်အလွန်လိုက်ဖက်လှသည်။လေယာဉ်ကွင်းထဲရှိ မိန်းကလေးအားလုံးက မိမိ ကိုကြည့်နေသည်ဆိုတာကို သိသော်လည်း ဘယ်ကိုမှမကြည့်ဘဲ မိမိလျှောက်နေသည့် အရှေ့တည့်တည့်ကိုသာ ကြည့်၍လျှောက်လာခဲ့သည်။
အကပ်သာသူ့အားလာကြိုပါက သူ့အား မိန်းကလေးတွေကြည့်နေ၍ သဝန်တိုနေမည့်ပုံကိုကြည့်ရင်း သစ် ရယ်မိသည်။အကပ်နှင့်တွေ့ရဖို့ကိုသူတစ်ကယ်ပင်မစောင့်နိုင်တော့။

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now