Ep1

3K 140 7
                                    

Unicode

Ep1

"ဇာတ်သိမ်းရအောင်"

"ဟင် ဘာ..ဘာကိုလည်း ကိုကို"

"မင်းနဲ့ကိုယ့်ရဲ့ဇာတ်လမ်းကိုပြောတာလေ ဇာတ်သိမ်းကြမယ်လို့"

မျက်ဝန်း အင်း...ကျွန်တော့်ကိုအမြဲတမ်းညှို့ယူခဲ့တဲ့အဲ့ဒီမျက်ဝန်းစူးစူးရဲရဲတွေက အခုတော့ အေးတိအေးစက်မျက်ဝန်းတွေအလား...

"မနောက်ပါနဲ့ ကိုကိုရာ...အကပ်နဲ့ကိုကိုက တွဲလာတာပဲ တစ်နှစ်ကျော်နေပြီလေ"

"အင်း တွဲတာ တစ်နှစ်ကျော်တာနဲ့ပဲ မပြတ်ရတော့ဘူးလား"

"ဒါပေမယ့် သံယောဇဉ်...သံယောဇဉ်တွေက ခိုင်မြဲနေပြီလေ"

တစ်ချက်တစ်ချက်တိမ်ဝင်သွားသော အသံနှင့်ပြောနေသော ကလေးငယ်အား မျက်လုံးစင်း၍ကြည့်လိုက်မိသည်။ဒီကလေးက သိပ်ကိုပျော့ညံ့လွန်းသည်။တစ်ခုခုဆိုငိုမယ် တောင်းပန်မယ် အဲ့ဒါပဲသိတယ်။ထိုအားပျော့တဲ့ကောင်လေးအနားမှာနေပြီးကာကွယ်ပေးချင်ပါသော်လည်း အခုတော့မဖြစ်နိုင်တော့ပေ။

"မိုးစက်ဟန်"

အားပြင်းတစ်ကြီးနဲ့ခေါ်လိုက်သောအသံက အော်လိုက်သည့်အလား....

"အကပ်... ကိုကိုရဲ့အကပ်လေ အရင်က..အရင်က ကိုကိုပဲ အကပ်ကို ချစ်စနိုးနဲ့အကပ်လို့ခေါ်ခဲ့တာလေ ဘာလို့ အခုမှ မိုးစက်ဟန်လည်း"

"ငါမင်းကိုမကြိုက်တာအဲ့တာတွေပဲ မိုးစက်ဟန် မင်းကတစ်ခုခုဆို ငိုမယ် တောင်းပန်မယ် အဲ့တာပဲသိတယ် မင်း ယောက်ျား မဟုတ်ဘူးလား ဘာလို့အဲ့လောက်တောင်ပျော့ညံ့နေရတာလည်း"

"အကပ်က ကိုကိုနဲ့ပတ်သတ်ရင်အမြဲပျော့ညံ့နေခဲ့တာ"

"သုတ်စမ်း..အဲ့ဒီမျက်ရည်တွေကို ငါမမြင်ချင်ဘူး"

မိုးစက် ဘဝမှာ ကိုကိုနှင့်ချစ်သူဖြစ်ချိန်ကစပြီးယနေ့ထိ ကိုကို့စကားအား ငြင်းဖူးသည်ဟူ၍တစ်ကြိမ်တစ်ခါမှမရှိခဲ့ဖူးပေ။ဒီတစ်ခါလည်း ကိုကို့အလိုကျ သူ့၏မျက်ရည်များကို လက်ဖမိုးနှင့်သုတ်လိုက်သည်။

"ငါမင်းကိုစိတ်ပျက်နေပြီ မိုးစက်ဟန် အရင်က ငါမင်းကိုအရမ်းချစ်တယ် မျက်တောင်ရှည်တွေနဲ့ဝန်းရံထားတဲ့ မင်းရဲ့မျက်ဝန်းလေးတွေ အဲ့မျက်ဝန်းက ငါအကြိုက်ရဆုံးအစိတ်အပိုင်းပဲ ဒါပေမယ့် အခုတော့ ငါမင်းကိုအရမ်းစိတ်ပျက်နေပြီ နားလည်မှု့‌မပေးနိုင်တဲ့မင်းကိုငါဆက်မတွဲချင်တော့ဘူး"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now