Ep 28

227 20 0
                                    

Unicode

ဘုန်း!

အနောက်မှ လွယ်အိတ်နှင့် ရိုက်ခံလိုက်ရသော အားကြောင့် ဇေယျာဖြိုးနှင့်မင်းထက်တို့ စားပွဲနှင့်ခေါင်းမိတ်ဆက်သွားသည်။

"တောက်!...ဘယ်သူ...ဟင် မြေ"

"အေး..မင်းတို့အဖေ ငါပဲ"

"ဘာလို့ အနောက်ကနေ ရိုက်ရတာလည်း"

ခေါင်းအားပွတ်ရင်းပြောလာလေသူမှာ‌ဇေယျာဖြိုးပင်။

"ဘာလို့လဲ ဟုတ်လား ဘာကို ဘာလို့လဲလည်း မင်းတို့ဘာတွေလုပ်ထားလည်းမင်းတို့သိလေ"

ဇေယျာဖြိုးနှင့်မင်းထက် တို့နှစ်ယောက်ချက်ချင်းဆိုသလိုအကြည့်ချင်းစုံသွားပြီး သူခိုးလူမိဖြစ်သွားသည်။

"ငါတို့က ဘာလုပ်ရမှာလည်း ဘာမှမလုပ်ပါဘူး"

"လိမ်...လိမ် အဆုံးထိဆက်လိမ် မင်းတို့ မနေ့ကဆရာလေးကို ငါက ချောကလက်ပေးခိုင်းပါတယ်ဆိုပြီးသွားပေးတယ်လေ မသိတော့ဘူးလား ဘာလည်း သတိရအောင်ခေါင်းကိုထပ်ထုပေးရဦးမလား"

"သူငယ်ချင်းကလည်း... ငါတို့က ငါတို့သူငယ်ချင်း လင်ကောင်းသားကောင်းရအောင်ဝိုင်းဝန်းကူညီထောက်ပံ့ ပံ့ပိုးပေးနေတာပါ"

"တော်ပါကွာ...မနေ့က ငါဘယ်လောက်ထိပူထူသွားလည်း မင်းတို့သိလား တစ်ကယ်ဇွတ်လုပ်နေကြတယ်"

"ဒါပေမယ့်လည်း ငါနဲ့ငဖြိုး အခုလိုလုပ်ပေးလိုက်လို့ ဆရာတိမ်ရောင်လင်းရဲ့ စိတ်ရင်းအမှန်ကိုသိရတာလည်းထည့်ပြောဦး!"

"ဆရာလေးရဲ့ စိတ်ရင်းအမှန်ကို သိရတယ်...ဘယ်တုန်းကသိရလို့လည်း"

"ဒူတယ်ကွာ...မင်းတော်တော်လေးကိုဒူတာပဲ"

"အေးလေ... ငါကဒူလို့ မင်းတို့ကရှင်းပြလေ"

"မနေ့က ဆရာတိမ်ရောင်လင်း မျက်နှာဒီလောက်ပြုံးရွှင်နေတာ သတိမထားမိဘူးလားကွ!"

"သတိထားမိပါတယ် အဲ့ဒါနဲ့ဘာဆိုင်လို့လည်း ကိုထက်ရ"

"ဆိုင်တယ်လေကွာ...ကိုယ့်ကိုပျော်အောင်လုပ်ပေးနိုင်တဲ့သူက ကိုယ်ချစ်ရတဲ့သူလေ မင်းပေးတဲ့ချောကလက်ကြောင့် ဆရာ‌တိမ်ရောင်လင်းပျော်နေတယ်ဆိုတည်းက စဉ်းစားကြည့်ပေါ့ကွာ"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now