Unicode
"ဆေးရုံကဆင်းချင်ပြီ အကိုရဲသွေးသစ်"
သူ့ဘက်လှည့်ကာ မဲ့တဲ့တဲ့မျက်နှာလေးနှင့်ပြောလာသောကောင်လေး။
"နောက်နေ့ဆိုဆင်းရတော့မှာပါ...အမာစာတွေအရမ်းမစားနဲ့နော်...ဟိုနေ့ကသစ်သီးတွေဘာလုပ်လိုက်လည်း"
"မေမေအိမ်ယူသွားတယ်"
"ဟုတ်ပါပြီ...သူ့ကိုပြောထားဦး...အစာအိမ်ဖြစ်နေတာကို အခုလိုမာတဲ့အစားစားတွေဝယ်မလာဖို့"
"ကျွန်တော် အစာအိမ်ဖြစ်နေမှန်း ဆရာလေးသိရဲ့လားတောင်မသိပါဘူး...ညနေပြန်လာမယ်လို့ပြောပြီး ပြန်လည်းမလာဘူး"
"အင်း"
"တီချယ်လင်္ကာချောသက်သာရဲ့လားပဲ"
"အမချောလည်း ဒီဆေးရုံမှာပဲ"
"ဟမ်!..ဒီဆေးရုံမှာပဲလား...ဘာဖြစ်တာတဲ့လည်းဟင်"
"ပြောတာတော့ ကျောင်းလှေကားပေါ်ကပြုတ်ကျတာတဲ့"
"အော်...အခန်းနံပါတ်သိလားဟင်"
"အင်း...ဘာလို့လဲ"
"လူနာသတင်းသွားမေးမလားလို့ပါ"
"ဗိုက်ကသက်သာသေးတာမဟုတ်ဘူး..နောက်မှသွား"
"အကိုရဲသွေးသစ်ရောမသွားဘူးလားဟင်"
"ကိုယ်တစ်ခါမှ မရောက်သေးဘူး"
"ဟင်...အားနာစရာကြီးကို"
"အကပ်ကသူ့ထပ်ပိုအရေးကြီးပါတယ်"
အကိုရဲသွေးသစ်စကားကြောင့် ယောင်ယမ်းကာပြုံးလိုက်မိသည်။ဆရာလေးသာအဲ့လိုတွေးရင်ဘယ်လောက်များကောင်းလိုက်ပါ့မလည်း။
"အိုဗာတင်း သောက်လိုက်ဦး"
ယုန်ခွက်ဖြူဖြူလေးအားကမ်းပေးလာသည်မို့ အသာလှမ်းယူလိုက်သည်။
"အကိုရဲသွေးသစ် သတင်းသွားမေးသင့်တယ်နော်"
"နောက်မှပေါ့"
"ကျွန်တော်တော့သွားချင်တယ်"
"မရဘူး...အကပ် သက်သာသေးတာမဟုတ်ဘူး"
"ခဏပဲလေ"
"မရဘူး"
"အကိုရဲသွေးသစ်ကလည်း...ခဏပါပဲဆို"
YOU ARE READING
တိမ်တွေပြိုသည်ရှိခဲ့သော/ တိမ္ေတြၿပိဳသည္ရိွခဲ့ေသာ(Completed)