EP 58

188 19 4
                                    

Unicode

"တီချယ်လင်္ကာချော သက်သာရဲ့လားဆရာလေး"

ကော်ဖီတစ်ငုံအားသောက်ပြီး ခွက်အားပြန်ချကာ မြေ မေးလိုက်သည်။

"တော်တော်လေးသက်သာသွားပါပြီ ကျောင်းတောင်ပြန်သွားနေပြီ"

"တော်ပါသေးရဲ့"

မြေ လက်အားကိုင်ကာ လက်စွပ်ပြန်ဝတ်ပေးလာသော ဆရာလေး။

"ကိုယ့်အပေါ် ဘယ်လောက်ပဲစိတ်ဆိုးဆိုး ဒီလက်စွပ်ကိုနောက်တစ်ခါဘယ်တော့မှမချွတ်နဲ့တော့"

"ဟုတ်"

"ကိုယ်သိပါတယ်...အခုတစ်လော ကိုယ့်အချစ်အပေါ်ပစ်ထားနေမိတယ်ဆိုတာကို...ကိုယ့်အချစ်ဆေးရုံတတ်တဲ့အချိန်တုန်းကလည်း ကိုယ်အချိန်တိုင်းလာချင်တာပါ ဒါပေမယ့် ချောက အဲ့လိုကြီးထဖြစ်တော့ ကိုယ်ဘာလုပ်ရမယ်ဆိုတာတစ်ကယ်မသိတော့တာ...ပြီးတော့ ချောမှာက..."

"မြေ နားလည်ပါတယ်...ဆရာလေးလုပ်နေတဲ့လုပ်ရက်တွေအပေါ်မှာ မြေ ကိုဖြေရှင်းချက်တွေပေးစရာမလိုပါဘူး...ဆရာလေးလုပ်ရက်တိုင်းကိုမြေယုံပါတယ်"

ထိုသို့ပြောလိုက်လေတော့ မျက်ရည်များဝဲတတ်လာသော မျက်ဝန်းညိုတွေကို မြေတွေ့ဖြစ်အောင်တွေ့လိုက်ပါသည်။

"ကိုယ့်အချစ်ကို ကိုယ်အရမ်းချစ်တယ်...ခဏခဏမပြောပေမယ့်လည်း ကိုယ်ချစ်တာကို ကိုယ့်အချစ်ခံစားမိမယ်လို့ထင်တယ်...ချောနဲ့ကိုယ့်ကို မြေ နားလည်မှု့လွဲနေတယ်ဆိုတာ ကိုယ်သိပါတယ်...ချော ကကိုယ့်အတွက်တော့ ညီမလေးတစ်ယောက်လိုပါပဲ...မြေ ကတော့ ကိုယ့်အတွက်နှစ်ယောက်မရှိနိုင်တဲ့သူပါ"

ဆရာလေးစကားကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။ဆရာလေးစကားကိုသူအကြွင်းမဲ့ယုံပါသည်။

"ဆရာလေးကဘာတွေကိုစိုးရိမ်နေရတာလည်း...ဆရာလေးရှင်းမပြလည်း မြေက ဆရာလေးကိုယုံပြီးသားပါ"

"မြေနဲ့ရန်တွေထပ်မဖြစ်ချင်တော့ဘူး...နားလည်မှု့တွေထပ်ပြီးမလွဲချင်တော့ဘူး...အဲ့ဒီလိုဖြစ်တဲ့အချိန်တိုင်းအရမ်းပင်ပန်းရတယ်"

"မြေရောပါပဲ...အတတ်နိုင်ဆုံးတော့ နားလည်မှု့မလွဲအောင်နေကြမယ်"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Where stories live. Discover now