Ep 14

338 42 0
                                    

Unicode

Cause all of me love all of you......

မိမိဘေးမှဖုန်းသံကြောင့် မိုးစက် လှမ်းကြည့်လေတော့ ကိုကို ဆိုတဲ့ Contactလေးပင်။

"Helloကိုကို"

"အကပ် ကိုကို ခြံရှေ့ရောက်ပြီ "

"ဟုတ် ကိုကို အကပ်အခုဆင်းလာခဲ့မယ်နော်"

"ဟုတ်ပြီ ကိုကို စောင့်နေမယ်နော်"

"ဟုတ် ဟုတ်"

ညဘက် ၁၀နာရီကျော်ရောက်နေသောငြားလည်း ကိုကိုက ဒီလိုအချိန်မှ မိုးစက်နှင့်အတူတူ ကားပတ်မောင်းချင်သည်ဟု ပူဆာသဖြင့် မိုးစက်ခိုးထွက်ခြင်းပင်။

ခြံတံခါးကို ဖြေးဖြေးချင်းဖွင့်နေသော ညအိပ်ဝတ်စုံနှင့်ကောင်လေးအား ကြည့်ရင်း သစ် ရယ်မိသည်။ဒီကောင်လေးက သူ့အား တစ်ကယ်ကိုချစ်သည်။သူဘာပြောပြော ငြင်းသည်မရှိ အမြဲတမ်းကို အလိုလိုက်သည်။

"အကပ် လာလာ မြန်မြန်"

"ရင်တွေတုန်လိုက်တာ ကိုကိုရယ်"

သူ့ရင်ဘတ် သူ့ဖိ၍ နှုတ်ခမ်းခပ်ဟဟနှင့်ဆိုနေသော ကောင်လေးအား သဘောတကျနှင့်ကြည့်ရင်း နံဖူးလေးကို နမ်းလိုက်မိသည်။

"လူကိုတွေ့တာနဲ့အသားယူပြီ"

"ကိုကိုရဲ့အကပ်လေးက ဒီလောက်ချစ်စရာကောင်းနေမှတော့ ကိုကိုကအသားမယူဘဲနေနိုင်ပါတော့မလား ချစ်ဖို့ကောင်းတာ နည်းနည်းလေးလျှော့ပါဦး"

မိုးစက်ကို ချစ်ဖို့ကောင်းတယ်လို့ပြောနေတဲ့ ကိုကို ကိုယ်တိုင်က ဘယ်လောက်ထိခန့်ပြီးချောနေမှန်း ကိုကိုမသိလေရော့လား။အခုလည်းကြည့် ညအိပ်ဝတ်စုံ မီးခိုးရောင်လေးနဲ့ကိုကိုက ဘယ်လောက်ထိခန့်ညားပြီး စွဲဆောင်မှု့ရှိလိုက်သလည်း။

"ကိုကိုက မီးခိုးရောင်ကြိုက်တာလား"

"အင်းလေ ဘာလို့လဲ"

"ကိုကို့ အသုံးအဆောင်တွေအကုန်လုံးက မီးခိုးရောင် မို့လို့လေ"

"အကပ်ကရော ဘာအရောင်ကြိုက်တာလည်း"

"အကပ်က ပန်းရောင် ကြိုက်တာ မိန်းကလေးဆန်မလားမသိပေမယ့် ပန်းရောင်ကို တစ်ကယ်သဘောကျတယ် ပြီးတော့အပြာရောင်ရော"

တိမ်တွေပြိုသည်ရှိခဲ့သော/  တိမ်တွေပြိုသည်ရှိခဲ့သော(Completed)Où les histoires vivent. Découvrez maintenant