[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။

1.8K 345 12
                                    

!unicode!

အခန်း(၇၇) လမ်းမပေါ်၌ မြင်းစီးရင်း။

......

ဖန်မီးအိမ်၊ ကျောက်စိမ်းခွက်နှင့် ရေသူမပိုးချည်ကား မြူခိုးသဖွယ်လေထုကို ဖန်တီးပေးသည်။ ဤကား ဆောင်းရာသီရောက်ခါနီးပေမဲ့ အခန်းကမူ နွေဦးကဲ့သို့နွေးထွေးနေပေသည်။ ပြတင်းပေါက်အပြင်ဖက်တွင်၊ အပြင်ရှိကော်ရစ်ဒါအောက်၌ ပုတီးစေ့နီအတန်းလိုက်ချိတ်ဆွဲထားသည်မှာ ညမိုက်ထဲတွင် မီးပုံးငယ်လေးများနှင့်ဆင်တူလှသည်။ လေတစ်ချက်ဝေ့လိုက်ရာ အလင်းမှိန်မှိန်ဟာ ရေကဲ့သို့ သိမ်မွေ့စွာလှိုင်းခတ်သွားပြီး နွေးထွေးမှုလှိုင်းကိုဆောင်ကျဥ်းပေးသည်။

ယွင်ရှဲ့သည် ထာဝရရှင်သန်ဖို့ရန်ဦးတည်နေသည်ဖြစ်ရာ ထိုအရာကား မည်သည်ဖြစ်ကြောင်းကို အကြည့်တစ်ချက်တည်းနှင့်မှတ်မိနိုင်ပေသည်။ ပုတီးစေ့များသည် မီးတောင်အောက်ခြေမှတူးထုတ်၍ရသော နဂါးမီးခတ်ကျောက်နှင့်အရောင်တင်ထားသည့် ကျောက်မျက်ရိုင်းတုံးများဖြစ်၏။ ၎င်းသည် သဘာဝကျစွာပင် အပူထုတ်လွှတ်ပေးကာ ခြံဝန်းတစ်ဝန်းလုံးအား နွေးထွေးအောင်ပြုလုပ်ပေးသည်။ ထို့အပြင်၊ ခြံဝန်းထဲ၌ ရနံ့မွှေးမွှေးပန်းများဖြင့်ပြည့်နှက်နေကာ ယင်းတို့၏အနံ့သင်းသင်းဟာ ခြံဝန်းတစ်ဝိုက်တွင်သင်းပျံ့နေရော့သည်။

သူမျက်မှောင်ကြုတ်ကာ အပြင်ဘက်ရှိလှပသောမြင်ကွင်းကို ကြည့်နေမိသည်။ သူ့နောက်တွင် ခြေသံဖွဖွထွက်ပေါ်လာကာ ကျန်းရွှင်းယီသည် ပြတင်းပေါက်ဆီသို့လျှောက်လာပြီး ယွင်ရှဲ့ဘေးတွင်ရပ်လိုက်၏။
"ဒီတုမိသားစုက အရမ်းစည်းကမ်းမတင်းကြပ်ဘဲ လှပလွန်းတယ်၊ နွေဦးထပ်ရောက်လာပြီလို့ ငါထင်မိတော့မလို့ပဲ။"

ယွင်ရှဲ့လှည့်ကာ ကျန်းရွှင်းယီ၏မျက်လုံးလှလှများကို သေချာစိုက်ကြည့်လိုက်သည်။ သူကြည့်နေရင်းဖြင့် သူမျက်ဝန်းထဲရှိအမူအရာမှာ တဖြည်းဖြည်းချင်းနက်ရှိုင်းလာချေသည်။ သူကူကယ်ရာမဲ့စွာဖြင့် သူ့လက်ချောင်းထိပ်များကိုအသာဆန့်ထုတ်ကာ ကျန်းရွှင်းယီ၏မျက်ခုံးမှစ၍ နှုတ်ခမ်းပါးပါးထိပွတ်ဆွဲလိုက်မိသည်။ မန္တာန်အောက်ကျရောက်နေသည့်နှယ် သူဖြေးညှင်းစွာခါးကိုင်းကာ သူ့ကိုခပ်ဖွဖွနမ်းရှိုက်လိုက်မိသည်။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now