20

7.7K 1.1K 8
                                    

ဦးလေးက မင်းအတွက်တရားမျှတမှုပြန်ရအောင် လုပ်ပေးမယ်
............................................................................

"အဖေ" တရားရုံး၏အနောက်ဖက်သို့ ရောက်သောအခါ ထောင်ရိက ထောင်ဖန်းနှင့်သွားတွေ့သည်။

"ဘယ်လိုနေလဲ။ လင်းကျန်က ဘာပြောလဲ။" ထောင်ဖန်းကမေးသည်။

ထောင်ရိက သူနှင့်လင်းကျန်တို့ စကားစမြည်ပြောခဲ့သည်များကို အကျဉ်းချုပ်ပြန်ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ သူက ကောက်ချက်ချသည်။ "လင်းကျန်က ရိုးရှင်းတယ်လို့ ကျွန်တော်မထင်ဘူး။ သူကဘက်မလိုက်တတ်ဘဲ ဂရုတစိုက်ပြောတတ်တဲ့လူ။ လင်းကျန်က ပျော့ညံ့တဲ့အထိ ညင်သာတယ်ဆိုတဲ့ ကောလဟာလတွေနဲ့တခြားစီပဲ။ သူက တုံးအချင်ဟန်ဆောင်နေတာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဒီတစ်ကြိမ် ကျားမိသားစုမှာဖြစ်ပျက်ခဲ့တာကြောင့် ချောင်ပိတ်မိသွားတာဖြစ်မယ်။"

"ဘယ်ဟာဖြစ်မယ်လို့ မင်းထင်လဲ။" ထောင်ဖန်းက မေးသည်။

ထောင်ရိက အခိုက်အတန့်မျှ တွေးလိုက်သည်။ "လင်းကျန်က ကောလဟာလထဲကလိုလူမျိုးဆိုရင် သူချောင်ပိတ်ခံရရင်တောင် ကျားယွမ်လင်းကို လက်ညှိုးထိုး၊ ကျိန်ဆဲပြီး နောက်ဆုံးကျားယွမ်လင်းနဲ့အဆက်အသွယ် ဖြတ်ရရုံပဲရှိမှာ။ ဒါပေမဲ့ ဒီနေ့မှာသူက ပြင်းပြင်းထန်ထန် မြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့တယ်။ သူပြောသမျှ၊ လုပ်သမျှအရာတိုင်းမှာ ထောင်ချောက်ဆင်ထားတယ်။ သူက ကျားယွမ်လင်းကို ထောင်ထဲတစ်ဆင့်ချင်းပို့ပြီး ဒီနေ့အခြေအနေကြောင့် ကျားယွမ်လင်းကို ကျန်ချောင်းစွန့်ပစ်အောင်တောင် တွန်းအားပေးခဲ့တယ်။ ဒီတော့ သူညင်သာအားနည်းနေတာ အယောင်ပြဆိုတဲ့ ပထမတစ်ချက်လို့ပဲ ကျွန်တော်ထင်တယ်။"

"ဒါဆို ဘာလို့ သူ့ကိုယ်သူရုတ်တရက် ဖော်ထုတ်လိုက်တာလဲ။" ထောင်ဖန်းကထပ်မေးပြန်သည်။

"ကျားယွမ်လင်းက သူ့ကိုတကယ် စိတ်တိုစေတဲ့တစ်ချက်အပြင် သူလင်းမိသားစုအန္တရာယ်များနေပုံကို သဘောပေါက်သွားလို့နေမယ်။ ခုနလေးတင် စကားပြောခဲ့ပုံအရ အခုလင်းမိသားစုရဲ့အခြေအနေက ဘယ်လိုဆိုတာ သူသေချာနားလည်နေတယ်။ အဲ့ဒါကြောင့် သူ့တကယ့်သဘာဝကို မဖုံးကွယ်တော့တာ။" ထောင်ရိကဖြေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now