•1•

22.2K 1.2K 18
                                    

Unicode

" MIDNIGHT BAR "

လမ်းကြားသွယ်လေးထဲမှာရှိတဲ့ bar ကအတော်အသင့်နာမည်လေးကြီးတော့ညတိုင်းလာရောက်ကြတဲ့လူကခပ်များများ။

ဒီနေ့လည်း ရှောင်းကျန့်တစ်ခါမှမရောက်ဖူးပေမယ့် ကျိရန်ဆွဲခေါ်လာသည်မို့ပါလာရတယ်။

'မင်းကိုသူငယ်ချင်းအသစ်တွေနဲ့လည်းမိတ်ဆက်ပေးမယ်ကောင်မလေးလည်းရှာပေးမယ်' လို့ပြောပြီးအတန်းဆင်းတာနဲ့တန်းခေါ်လာတော့တာပဲ။

အိမ်ပြန်နောက်ကျမည်ဖြစ်ကြောင်းကိုလည်း စိတ်ပူတတ်တဲ့မားဆီကို ဖုန်းကြိုဆက်ရသေးတယ်။ ဘေးကကျိရန်အသံကျယ်ကျယ်ကြောင့်သာ မားက စိတ်အေးလက်အေးနဲ့ခွင့်ပြုပေးတာပေါ့။

" ဟေး!! "

အထဲရောက်တာနဲ့ ကျိရန်တို့လက်ဝှေ့ယမ်းပြပြီး ရှောင်းကျန့်ကိုဆွဲခေါ်သွားတာများလေအလျင်လို။ ထောင့်စွန်းဝိုင်းတစ်ဝိုင်းမှာ အုပ်စုဖွဲ့ထိုင်နေကြတာ သူတို့အရွယ်ယောကျာ်းလေးများဖြစ်တယ်။

ကျိရန်နဲ့အတူ ရှောင်းကျန့်က လွတ်နေတဲ့ခုံတွေမှာဝင်ထိုင်လိုက်တော့ ဝိုင်းကလူငါးယောက်လောက်နဲ့နည်းနည်းစည်သွားတယ်။ မိန်းကလေးတော်တော်များများရဲ့အကြည့်တွေကလည်း သူတို့ထိုင်တဲ့ဝိုင်းဆီမှာ။

" ဒါ ငါပြောတဲ့ ပန်းချီမေဂျာကရှောင်းကျန့်လေ "

ကျိရန်ကသူ့ကိုပွဲထုတ်နေပြီမို့ ရှောင်းကျန့်မှာ ပထမဆုံးတွေ့ဖူးတဲ့လူတွေကိုမနေတတ်စွာ လိုက်ပြုံးပြရတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ကျိရန်ကပြောတတ်ဆိုတတ်ပေါင်းတတ်ပေမယ့် သူကတော့ အဲ့လိုမဟုတ်ဘူး။

ငယ်ငယ်ထဲကတသီးတခြားနေတတ်ပြီး စကားအများကြီးပြောဖို့ထက် တိတ်တိတ်ဆိတ်ဆိတ်ပန်းချီတွေဆွဲနေတတ်တယ်။

အိမ်နီးနားချင်းဖြစ်တဲ့ကျိရန်က အလယ်တန်းလောက်မှစရင်းနှီးခဲ့ကြပြီး သူ့ရဲ့ပထမဆုံးသူငယ်ချင်းဖြစ်လာတာပဲ။

" ရှောင်းကျန့် ဒါက ငါတို့ဂီတမေဂျာကသူငယ်ချင်းတွေ သူကကျိုးချန် သူကယွီပင်း သူကတော့ .. "

Learning How To Love《 Completed 》Unde poveștirile trăiesc. Descoperă acum