အပိုင်း(၄၁)

Start from the beginning
                                    

သူမတို့အရင်ရက်တွေတုန်းကစကားများခဲ့တာတွေကြောင့်သာသူမပြန်လာဖို့ကို‌ရွေးချယ်ခဲ့တာ။သိသာသိခဲ့ရင်သူမပြန်လာမှာမဟုတ်ဘူး။

အခုအချိန်မှာပိုင်ချီရွေ့သူမကိုယ်သူမရောစုရန်ကိုရောမုန်းနေမိတယ်။အဲ့ဒီအချိန်တုန်းကစုန့်ဝမ်ရှီသာရုတ်တရက်မပေါ်လာခဲ့ရင် သူမဘယ်လိုလုပ်ပြီးပြုတ်ကျမှာလဲ။

သူမအခြေအနေကိုချန်ကျင်ကြည့်ပြီး ချန်ကျင်စိတ်ပူသွားကာ သူမပုခုံးလေးကိုပုတ်ပေးလိုက်ပြီး: 'ချီရွေ့ စိတ်လျော့ပါဦး။အခုမှခွဲစိတ်ခန်းထဲကနေထွက်လာပြီး အသက်အန္တရာယ်ကနေလွတ်လာတာကိုဒီလိုမျိုးစိတ်မလှုပ်ရှားပါနဲ့ဦး။ကျန်းမာရေးကိုဂရုမစိုက်ဘဲမနေပါနဲ့...'

'စုရန် မကောင်းတဲ့မိန်းမ။အဲ့ဒီမိန်းမကြောင့်ဘဲ။သူ့ကလေးကိုအသုံးချပြီးသမီးကလေးကိုနာကျင်အောင်လုပ်ခိုင်းတာ။စိတ်မပူပါနဲ့။စုန့်ထင်ယွီ သူ့ကိုဒီအတိုင်းထားမှာမဟုတ်ပါဘူး။သမီးအစားသူလက်စားချေပေးလိမ့်မယ်...'

ပိုင်ချီရွေ့မျက်ရည်တွေကိုသုတ်လိုက်တယ်။စောစောတုန်းကချန်ကျင်ကိုဘဲအာရုံစိုက်နေမိတော့ အခန်းထဲမှာဘယ်သူမှလဲမရှိတာသတိမထားမိဘူး။

သူမအထိတ်တလန့်နဲ့မေးလိုက်တယ်: 'စုန့်ထင်ယွီရော?'

သူမအခုဘဲကလေးဆုံးရှုံးထားတာကို သူမအနားမှာနေပြီး သူမကိုအဖော်မပြုပေးသင့်ဘူးလား?ဒါပေမယ့် သူဘယ်သွားလိုက်တာလဲ?

'ချီရွေ့ စိတ်မပူပါနဲ့။ထင်ယွီလုပ်စရာကိစ္စလေးရှိလို့ပါ။မကြာခင်သူပြန်လာလိမ့်မယ်' စုရန်ကိုစုန့်ထင်ယွီသွားရှာတယ်လို့ချန်ကျင်မပြောရဲဘူး။အကယ်၍ပြောလိုက်လို့ရှိရင် ပိုင်ချီရွေ့အခြေအနေပိုဆိုးသွားမှာစိုးလို့။

'အန်တီ သမီးကိုလိမ်နေတာမလား?သူစုရန်ကိုသွားရှာတာမလား? ပိုင်ချီရွေ့ ခံစားချက်တွေပြင်းထန်စွာနဲ့ပြောလိုက်တယ်။

'မဟုတ်ပါဘူး။တကယ်မဟုတ်ပါဘူး...' ချန်ကျင်လဲ သူမခွဲထားတဲ့ဒဏ်ရာထိသွားမှာစိုးလို့ သူမကိုသူနာပြုနဲ့ကြည့်ခိုင်းလိုက်ရတယ်။သူကတော့အပြင်ထွက်ပြီး စုန့်ထင်ယွီကိုအမြန်ပြန်လာဖို့ဖုန်းဆက်ခေါ်လိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now