ယနေ့တွင် သူနာမည်ပျက်သွားပြီမှန်း ကျားယွမ်လင်းသိလိုက်သည်။ သူက ကိုယ်လုပ်တော်နှင့်ဖောက်ပြန်ခဲ့သည်ဟုသာ တရားရုံးတွင် အမိန့်ချခံလိုက်ရလျှင် မနှစ်မြို့ဖွယ်ရာဂုဏ်သတင်းရသွားလိမ့်မည်။

"ငါတို့ရှေ့ကနေ ဝိုင်းကြည့်နေတဲ့လူတွေကို ဖယ်လိုက်စမ်း။ တရားရုံးဆီမြန်မြန်သွားကြမယ်။" ထောင်ဖန်းက အော်ပြောလိုက်သည်။

ရုံးတော်သားများက လမ်းနှစ်ဖက်မှလူများကို မြန်မြန်ဖယ်လိုက်ပြီးမှ ပြည်နယ်တရားရုံးဆီသို့ ခြေလှမ်းမြန်မြန်လျှောက်ကာ သွားကြသည်။

သူတို့ထွက်သွားပြီးနောက် စပ်စုချင်နေသူများကလည်း သူတို့နောက်သို့လိုက်လာကြသည်။ ထို့ကြောင့် ပြည်နယ်တရားရုံးသို့ သူတို့ရောက်သောအခါ တံခါးကိုထန်းယန်နယ်သားများက ဝိုင်းရံထားပြီးဖြစ်သည်။

ထောင်ဖန်းက ရုံးဝတ်စုံမလဲခင်တွင် လင်းကျန်အား တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်က သာမန်ဆန်သော်လည်း ၎င်းထဲမှ အဓိပ္ပါယ် မြောက်များစွာကို လင်းကျန်သဘောပေါက်သည်။ သူက ထောင်ဖန်းအား တည်ငြိမ်စွာ ပြန်ကြည့်သည်။

"သခင်လေးလင်း၊ ငါ့ကို စိတ်မပျက်ပါစေနဲ့။"

လင်းကျန်က နှုတ်ခမ်းထောင့်များကိုကော့ကာ ပြောလိုက်သည်။ "အရာရှိကြီး၊ မစိုးရိမ်ပါနဲ့။"

ယခုအချိန်မှစ၍ လင်းကျန်နှင့်ထောင်ဖန်းမှာ တစ်လှေတည်းစီးသူများဖြစ်သွားကြသည်။ သို့ရာတွင် ထောင်ဖန်း၏အမြင်တွင် သူသည် ပူးပေါင်းဆောင်ရွက်ရန် အရည်အချင်းပြည့်မှီသူမဟုတ်သေးကြောင်းကိုလည်း လင်းကျန် ရှင်းလင်းစွာသိသည်။ ၎င်းက အတုန့်အလှည့်ကူညီမှုမျှသာဖြစ်သည်။ ထောင်ဖန်းမှ သူ၏အရည်အချင်းအား အသိအမှတ်ပြုကာ အထင်ကြီးလာရန်အတွက် ယခုတစ်ကြိမ်တွင် လင်းကျန်နိုင်ကိုနိုင်ရမည်။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

..............................

ဒုတိယဦးလေး ထွက်သွားပြီးနောက် လင်းကျန် ဘေးမှလူများကို အကဲဖြတ်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now