"အဲ့တစ်ယောက်က သခင်ကြီးကျား တလောကတင် ယူလိုက်တဲ့ ကချေသည်မဟုတ်လား။ အဲ့မိန်းမက ကလက်တက်တက်ပါလို့ ငါပြောသားပဲ။ သူမက သခင်ကြီးကျားဆီကနေ စိတ်ဝင်စားခံချင်ရုံမကဘူး၊ သူ့သားကိုလည်း ဆွဲဆောင်လိုက်သေးတယ်။"

"သခင်ကြီးကျားကို ကြည့်ဦး။ သူစိတ်လွတ်နေပြီထင်တယ်။ သူအဲ့မိန်းမဆီကနေ လုံးဝအညှို့ခံလိုက်ရတာဖြစ်မယ်။"

"ဟုတ်တယ်။သူက အခုဆို ပညာရှင်နဲ့ကို မတူတော့ဘူး။"

"ဖွီ၊ ရှက်စရာကြီး။"

"ဒီတစ်ကြိမ်မှာတော့ ကျားမိသားစုက လုံးဝမျက်နှာပျက်ရပြီ။"

"ဒီ လူငယ်လေးတွေရဲ့မျက်နှာကို တွေ့ဖူးသလိုပဲ။ သူတို့က ကျားမိသားစုရဲ့ အမျိုးတွေနေမယ်။ သူတို့လည်း တစ်ခုခုကျူးလွန်ခဲ့တာလား။"

"သူတို့လည်း အဲ့နန့်တန့်တန့်မိန်းမနဲ့ ဖောက်ပြန်နေတုန်း အမိခံလိုက်ရတာလား။"

"အလိုလေး၊ လူတစ်ယောက်ရဲ့နှလုံးသားကို ရုပ်ရည်နဲ့ ဆုံးဖြတ်လို့မရပါလားနော်။ သူတို့က အမြဲလိုလို ကြည့်ကောင်းခဲ့ပေမဲ့ ဒီလိုရှက်စရာကိစ္စမျိုးကို ခိုးလုပ်ရဲကြတယ်။"

......

ကနဦးတွင် လူများက ခပ်တိုးတိုးသာပြောနေကြသည်။ နောက်ပိုင်းတွင် ဆွေးနွေးသံများက ကျယ်သည်ထက်ကျယ်လာကြပြီး လမ်းတစ်လမ်းလုံးမှာ ထိုအကြောင်းပြောနေကြသည်။

လူအုပ်ထဲမှ တစ်စုံတစ်ယောက်ပင် ကျားယွမ်လင်း၏ကျောပေါ်သို့ ကြက်ဥပုပ်ဖြင့်ပင် ပစ်ပေါက်လိုက်သည်။ အနံ့ဆိုးက ချက်ချင်းပျံ့သွားပြီး သူ့ဘေးမှလူများကို အော်ဂလီဆန်လာစေသည်။

ယခုအချိန်တွင် ကျားယွမ်လင်းမှာ ဒေါသထွက်လွန်း၍ သတိလစ်တော့မလိုပင်။ သူ၏မျက်နှာက ဖြူဖျော့နေသည်။ သူ၏ယခင်ကရည်မွန်ကြော့ရှင်းသောအသွင်အပြင်မှာ ဒေါသကြီးပုံဖြင့် အစားထိုးခံလိုက်ရသည်။ ကျားယွမ်လင်းက သူ့ရှေ့မှလျှောက်နေသော လင်းကျန်၏နောက်ကျောကို ငေးကြည့်နေသည်။ သူ၏အကြည့်များမှာ အမုန်းတရားနှင့်ကြောက်စိတ်များ ပြည့်နေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းDonde viven las historias. Descúbrelo ahora