အပိုင်း(၃၉)

Mulai dari awal
                                    

စုရန်ဖုန်းရောပိုက်ဆံအိတ်ရောမပါသွားဘူး။ဆေးရုံကနေဖုန်းငှားပြီးဖုန်းဆက်မလို့လုပ်လိုက်‌တော့ သူမဘယ်သူ့ကိုခေါ်ရမှန်းမသိဘူး။

စုအိမ်ကိုလဲဖုန်းဆက်လို့မရဘူး။အဲ့ဒီမှာသူမကိုဂရုစိုက်တဲ့လူတစ်ယောက်မှမရှိတာ။

သူမရဲ့မိ‌ဘတွေဖြစ်နေပေမယ့်လဲ။

သူမသူငယ်ချင်းလဲနည်းနည်းဘဲရှိတယ်။ဒီနှစ်‌တွေမှာ သူမထျန်မီနဲ့လင်ချန်ဟွမ်တို့နဲ့ဘဲအဆက်အသွယ်ရှိခဲ့တာ။ဒါပေမယ့် သူတို့နှစ်ယောက်လုံးလဲအခုနိုင်ငံခြားရောက်နေကြတယ်။

စဉ်စားကြည့်ပြီးတော့ သူမဖုန်းကိုပြန်ချထားလိုက်တယ်။

ပါတီတုန်းကလဲသူမဘာမှမစားထားတော့ ဗိုက်လဲဆာနေပြီ။မျက်လုံးတွေကလဲမှုန်ဝါးနေပြီ။

သူမမူးလဲတော့မလိုဖြစ်သွားပေမယ့် တစ်ယောက်ယောက်ကသူမကိုထိန်းထားပေးလိုက်တယ်။

'မိန်းကလေး အဆင်ပြေရဲ့လား?'

စုရန်ကိုယ်လေးပြန်မတ်သွားပြီး သူမခေါင်းညိတ်ပြလိုက်တယ်။

သူမအရှေ့မှာ သက်လတ်ပိုင်းမိန်းကလေးရှိနေပြီး သူမလက်မှာလဲဂျူတီကုတ်ကိုတင်ထားတယ်။ပြီး‌တော့သူမမေးလိုက်တယ်: 'ညီမမျက်နှာကြည့်ရတာနေမကောင်းတဲ့ပုံဘဲ။ဘာဖြစ်လို့လဲဟင်?'

'ကျွန်မအဆင်ပြေပါတယ်'

စုရန်မပြောချင်တာကိုမိန်းကလေးသိသွားတော့ သူမလဲထပ်မမေးတော့ဘဲ ပြုံးပြီးဆက်ပြောလိုက်တယ်: 'ကျွန်မနာမည်ကကျန့်ရီပါ။အခုဘဲကျွန်မခွဲစိတ်ခန်းဝင်ပြီးအိမ်ပြန်မလို့။မိန်းကလေးအိမ်ပြန်မလို့လား?ကျွန်မပြန်ပို့ပေးမယ်လေ'

စုရန်လဲခဏတွေဝေသွားပြီး: 'ကျေးဇူးတင်ပါတယ်'

ထန်ဇီချူလဲစုရန်အနောက်ကနေလိုက်လာခဲ့ပေမယ့် သူမကိုရှာမတွေ့တော့ဘူး။သူဆေးရုံကိုတစ်ပတ်ပတ်ပြီး အပြင်မှာလဲရှာကြည့်ခဲ့ပေမယ့် ရှာမတွေ့တော့ဘူး။

သူလဲစိတ်ပူပြီးမြန်မြန်ပြန်လာခဲ့လိုက်တယ်။

အစကတော့စုရန်ကိုထျန်ဇီချူပြန်ပို့လိုက်ပြီလို့စုန့်ထင်ယွီထင်နေခဲ့တာ။ဒီလောက်မြန်မြန်ကြီးပြန်လာလိမ့်မယ်လို့သူမထင်ထားတော့ သူပြောပြတာကိုတောင်မစောင့်တော့ဘဲ မျက်မှောင်ကြီးကြုတ်ပြီးမေးလိုက်တယ်: 'စုရန်ရော?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးTempat cerita menjadi hidup. Temukan sekarang