စုန့်ထင်ယွီနှုတ်ခမ်းမှာအန္တရာယ်ရှိတဲ့အပြုံးတစ်ခုပေါ်လာပြီး သူ့နှုတ်ခမ်းကိုသူမနားနားကပ်ပြီးပြောလိုက်တယ်: 'မင်းကို.'

စုရန်မျက်နှာတွေပူပြီးနီရဲလာတယ်။သူမဦးနှောက်ကလဲအလွတ်ကြီးဖြစ်နေတယ်။ဒီလိုမျိုးအေးအေးဆေးဆေးနေတတ်ပြီးမကျေနပ်မှုတွေများတဲ့လူက ဒီလိုစကားမျိုးပြောလိမ့်မယ်လို့ သူမမထင်ထားခဲ့ဘူး။

စုန့်ထင်ယွီကော်ဇော်ပေါ်ကနေသူမကိုချီသွားလိုက်တယ်။ရုတ်တရက်ကြီးသူမကိုယ်ကလေပေါ်ကိုမြောက်တက်သွားတော့ သူမလန့်သွားပြီးအော်သံထွက်သွားတယ်။ခဏလေးအတွင်းမှာဘဲ သူမကိုသူအိပ်ယာပေါ်ကိုတင်လိုက်တယ်။

သူမဘာမှမလုပ်ရသေးခင်မှာဘဲ စုန့်ထင်ယွီရဲ့ကိုယ်ကြီးကသူမကိုယ်လေးကိုဖိထားကာ သူ့ရဲ့လက်ချောင်းရှည်ကြီးတွေနဲ့လည်ဆွဲကိုကိုင်လိုက်ပြီး: 'မင်းငါ့ကိုမဖြေရသေးဘူးနော်။လည်ဆွဲကိုကြိုက်ရဲ့လား?'

သူဒီလိုမေးခွန်းမျိုးမေးတာကို သူမအံ့ဩသွားပြီး စုရန်ခဏလောက်တတိဆိတ်သွားကာ:  'ကျွန်မကြိုက်ပါတယ်။ကျေးဇူးပါ'

အဲ့ဒီအချိန်မှာ သူမကိုတစ်နေ့လုံးစိတ်ရှုပ်စေတဲ့မေးခွန်းကိုသတိရသွားတယ်။သူမဒါကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ရမယ်။

သူမစုန့်ထင်ယွီကိုကြည့်လိုက်ပြီး:  'ကျွန်မရှင့်ကိုမေးစရာရှိတယ်'

'ပြော'

'ကျွန်မအဖေပြောတယ် သူ့ဆီပိုက်ဆံရောက်သွားပြီတဲ့။ရှင်လားသူ့ကိုငွေလွှဲပေးလိုက်တာ?'

သူလဲကြားရော ကြယ်သီးဖြုတ်နေတဲ့သူ့ရဲ့လက်တွေခဏရပ်သွားတယ်။သူအေးစက်စွာရယ်လိုက်ပြီး: 'မဟုတ်ရင်ဘယ်သူလို့ထင်လို့လဲ?လင်ချန်ဟွမ်လား?'

စုရန်ဘာမှပြန်မပြောလိုက်ဘူး။အစကတည်းကသူမလဲလင်ချန်ဟွမ်ဆီကလို့ဘဲထင်နေခဲ့တာ။

ဒါပေမယ့်လဲသူမနားမလည်နိုင်သေးဘူး: 'ဘာလို့သူ့ကိုရှင်အဲ့လောက်ငွေအများကြီးချေးပေးတာလဲ?'

အရင်တုန်းကသူ့ကိုမေးတုန်းကနည်းနည်းလေးတောင်တွန့်ဆုတ်မှုမရှိဘဲငြင်းခဲ့တာကို။ဘာလို့ရုတ်တရက်ကြီးချေးပေးရတာလဲ?

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးजहाँ कहानियाँ रहती हैं। अभी खोजें