Chapter(7)-သည်းသည်းလှုပ်ချစ်တဲ့အဖေ

6.1K 624 2
                                    

Unicode

လုလျန့်ဝေရဲ့ စာအုပ်တွေထဲ နစ်မြောနေတဲ့ပုံက လုထင်ချန်ကို အံသြစေတယ်။
သူမရဲ့ တောင်းဆိုမှုကို ဒီအတိုင်းကြုံရာတောင်းဆိုလိုက်တာပဲလို့ထင်ခဲ့တာ။ ဒါပေမယ့် အခုအခြေအနေအရဆို သူမဘာကို တကယ်လုပ်ချင်သလဲဆိုတာ သိသွားပုံပဲ။
လုထင်ချန်က ဆေးပညာနဲ့ပတ်သက်ပြီး သိပ်မသိလှဘူး။ အမေက ဆေးပညာစာအုပ်တွေအများကြီးချန်ထားခဲ့ပေမယ့် သူက စိတ်မဝင်စားလှတဲ့အတွက်ကြောင့် ဒီနေရာကို စာအုပ်ဖတ်ဖို့ မလာခဲ့လေဘူး။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်အတော်ကြာသွားလေပြီ။ လုလျန့်ဝေလည်း ဆေးကျမ်းကြီးတစ်ခုကို လေ့လာခဲ့ပြီးပြီ။ သူမ စာအုပ်ဖတ်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်မိတယ်။ လုထင်ချန်က အစောကတည်းက ထွက်သွားခဲ့ပုံပေါ်တယ်။

သူမလည်း စာအုပ်စင်ပေါ်မှ ဖတ်မယ့် စာအုပ်တချို့ယူပြီး အပြင်ဘက်ကို ထွက်ဖို့ပြင်လိုက်တယ်။ ဒါပေမယ့် အတွင်းဘက်ကျကျမှာရှိနေတဲ့ စာအုပ်စင်လေးကို အမှတမှတ်တမဲ့ကြည့်မိသွားတယ်။ အဲ့ဒီနေရာလေးက လွတ်နေပြီး စာအုပ်တအုပ်တလေမှ ရှိမနေဘူး။
တခြားစာအုပ်စင်တွေ အားလုံးမှာ စာအုပ်တွေအပြည့်နဲ့ သေချာစီထားပေမယ့် ဒီနေရာလေးကတော့လွတ်နေတာက နည်းနည်းထူးဆန်းနေတယ်။
အရင်တုန်းက အဲ့ဒီနေရာမှာ စာအုပ်တွေထားထားတဲ့ပုံပဲ။ ဒါပေမယ့် အခုကျတော့ အဲ့နေရာလေးက လွတ်နေတယ်။ စာအုပ်တွေကိုများ တစ်ယောက်ယောက်က ယူသွားတာလား။
လုဟန်ထျန်းကော လုထင်ချန်ကောက စစ်တပ်ဘက်က ခေါင်းဆောင်တွေဖြစ်တာကြောင့် ဆေးစာအုပ်တွေကို စိတ်ဝင်စားမှာမဟုတ်ဘူး။
အတွင်းဘက်ဆောင်မှာနေတဲ့ မဒမ်ကျန်းကကော ဆေးပညာကိုစိတ်ဝင်စားပါ့မလား။

လုလျန့်ဝေလည်း ပန်းသင်းမြိုင် ခြံဝန်းရဲ့ ဘဏ္ဋာစိုးကိုခေါ်ကာ မေးမြန်းလိုက်တဲ့အခါမှာတော့ လုယွင်ရွှမ်းယူသွားမှန်း သိလိုက်ရတယ်။
လုယွင်ရွှမ်းက ဘယ်အတွက်ကြောင့်ဆေးစာအုပ်တွေကို ယူသွားရတာလဲ။
ဒီကိစ္စကို စဥ်းစားပြီးနောက်မှာတော့ သူမ နားလည်သွားသလိုရှိတယ်။

အခုလက်ရှိစိုးစံနေတဲ့ ဧကရာဇ်ရဲ့ ကျန်းမာရေးကို လူအနည်းငယ်လောက်ပဲ သိခဲ့တယ်။ ဘယ်သူရှိမလဲ။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဖြစ်တဲ့ လုံချီနဲ့ လုယွင်ရွှမ်းပဲပေါ့။
သူတို့က ဧကရာဇ်ရဲ့ ရောဂါကို ဘယ်လိုကုသရမလဲ သိနေခဲ့တယ်။ ဒါပေမယ့် လက်ရှိဧကရာဇ် မြန်မြန်နတ်ရွာစံဖို့သာစောင့်ရင်း နှုတ်ဆိတ်လျက်သာနေခဲ့ကြတယ်။ ဒါက လုံချီ ပုလ္လင်ကို မြန်မြန်ရရှိလာခဲ့တဲ့ အကြောင်းအရင်းထဲက တစ်ခုပဲ။
လုယွင်ရွှမ်းက ဆေးကုတဲ့ပညာနဲ့ပတ်သက်ပြီး ဗဟုသုတမရှိတဲ့သူဖြစ်တယ်။ အဲဲ့ဒီတော့ ဒီဆေးစာအုပ်တွေကို ဖယ်ရှားလိုက်တဲ့အကြောင်းအရင်းက ဧကရာဇ်ရဲ့ ရောဂါနဲ့ ပတ်သက်နေတာကလွဲလို့ တခြားအကြောင်းမရှိနိုင်ဘူး။
အဲ့ဒီ ဆေးစာအုပ်တွေထဲမှာဖော်ပြထားမယ့် ဧကရာဇ်ရဲ့ ရောဂါကိုကုသနိုင်တဲ့ နည်းလမ်းကို မှန်းဆနေမိတယ်။ လုယွင်ရွှမ်းက အဲ့ဒီ စာအုပ်တွေ ဧကရာဇ်လက်ထဲရောက်သွားမှာကို စိုးရိမ်တာကြောင့် စာအုပ်တွေဖျောက်ပစ်လိုက်ပြီး လက်ဦးမှုယူခဲ့တယ်။
လုလျန့်ဝေက ဒီကိစ္စကို ချိန်ဆတွေးတောရင်းလမ်းလျှောက်လာတာကြောင့် အရှေ့မှာရှိနေတဲ့ သူကို သတိမပြုမိဘူး။
တစ်စုံတစ်ယောက်ကို ဝင်တိုက်မိပြီးကာမှ သူမလည်း သတိပြန်ကပ်လာတယ်။
နာကျင်သွားတဲ့ နဖူးကို ပွတ်လိုက်ပြီး အရှေ့ကလူကိုကြည်မိကာမှ အံအားသင့်ပြီးခေါ်လိုက်မိတယ်။
" အဖေ"
လုဟန်ထျန်း သူ့သမီးဖြစ်သူရဲ့ နဖူးပေါ်က ရောင်နေတဲ့နေရာလေးကို ပွတ်ပေးလိုက်တယ်။ သူမလက်ထဲက ဆေးစာအုပ်တွေကိုလည်း သတိထားမိလိုက်ပြီး တင်းမာတဲ့အသံနဲ့ပြောလိုက်တယ်။
" လမ်းကို ကောင်းကောင်းမွန်မွန်မလျှောက်နိုင်ဘူးလား"
လုလျန့်ဝေ လည်း နည်းနည်းတော့ မခံမရပ်နိုင်ဖြစ်သွားတယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now