Chapter(44)-အားပြိုင်ခြင်း

4.5K 579 16
                                    

Unicode

ဒီအချိန်မှာပဲ လုဟန်ထျန်းက လုလျန့်ဝေဘက်လှည့်ကာ အနီးအနားက ထိုင်ခုံဆီ ခေါ်လာခဲ့လေတယ်။
ဒါကိုမြင်တဲ့ ဒေါ်ဒေါ်ကျန်းက ဝမ်းနည်းကာ လုလျန့်ဝေကိုလည်း မနာလိုဖြစ်လို့လာသည်။
မကျေမချမ်းအကြည့်တစ်ချက်က သူမမျက်လုံးမှာဖြတ်ပြေးလို့သွားပြီး သူမ ကောင်းကောင်းသိတဲ့ အမျိုးသမီး ဝိုင်းတစ်ဝိုင်းဆီကို လျှောက်လို့သွားတယ်။

သူမနဲ့ သိကျွမ်းတဲ့ အမျိုးသမီးလီက သူမလက်ကို ကိုင်ကာ ယုံရခက်မယုံရခက်ပုံနဲ့ပြောလာတယ်
"ဒီမိန်းကလေးက နန်းတော်ထဲလာရဲလောက်အောင် ဘယ်လိုတောင်အတင့်ရဲတာလဲနော်"
ပြောရင်းနဲ့ သူမမေးစေ့က လုလျန့်ဝေရှိရာဘက်ထိုးပြလေသည်။
ဘယ်သူ့ကို ရည်ညွှန်းသလဲဆိုတာ အားလုံးက နားလည်ကြပါတယ်။ တစ်ယောက်က နှာမှုတ်ကာ ပြောသည်
"သူမက တကယ်မျက်နှာထူတယ်၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလို ရှက်စရာမျိုး လုပ်ပါ့မလဲ"

"​ငါကြားတာတော့ အဲ့တစ်ယောက်က အရင်တစ်ခေါက်က ကိုယ့်ကိုယ်ကိုကြိုးဆွဲချဖို့ ကြံစည်ခဲ့တယ်ဆိုပဲ၊ ဘယ်လိုလုပ်အသက်ရှင်နေရတာလဲ"
နောက်တစ်ယောက်က အမျိုးသမီးကျန်းကိုစပ်စပ်စုစု မေးလာသည်။

အမျိုးသမီးကျန်းက ချက်ချင်းပဲ အနည်းပယ်မလွယ်ကူသယောင်ပြောလိုက်သည်
"တကယ်တော့ ဝေဝေက ငယ်သေးတာပဲ၊ ဒါကြောင့် အရမ်းပြင်းပြင်းထန်ထန်လည်း မပြောကြပါနဲ့၊ သူမက အိမ်ရှေ့စံအပေါ် တကယ်မေတ္တာသက်ဝင်နေရုံပါလေ.."

"အဲ့လိုဆိုရင်တောင်မှ ဘယ်လိုလုပ် အစ်မဖြစ်သူရဲ့ ယောကျာ်းကို စဥ်းစားရဲရတာလဲ"
တစ်ယောက်က မကျေနပ်သလိုပြောလာပြန်တယ်။

"အမှန်ပဲ၊ အကုန်လုံးသာ သူမလို လိုက်လုပ်လာရင် လူမှုကျင့်ဝတ်ဆိုတာရှိပါဦးမလား"
နောက်တစ်ယောက်က ချက်ချင်းပဲ ထောက်ခံလိုက်တယ်။

"ရှင်ကတော့ အရမ်းကြင်နာနေပြီ၊ မြို့စားကတော်ရေ၊ အကယ်၍ တစ်ယောက်ယောက်ကသာ ကျမသမီးရဲ့ ယောကျာ်းကို စဥ်းစားရဲမယ်ဆိုရင် ကျမကတော့  အရှင်လတ်လတ် အရေခွံစုတ်ပြီးနေလောက်ပြီ၊ လွှတ်ပေးစရာကိုမရှိဘူး-"
ပထမဆုံး ပြောလာတဲ့ အမျိုးသမီးလီက မီးလောင်ရာလေပင့်လိုက်သည်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now