Chapter(16)-ဘာတွေများစားပြီး ကြီးထွားလာခဲ့ပါသလဲ

5.5K 841 20
                                    

Unicode

လုံယန်ဆီမှာ လုလျန့်ဝေကို သတ်ပစ်ဖို့ ရည်ရွယ်ချက် အစကတည်းက မရှိခဲ့ပါဘူး။ ဒါပေမယ့် အခု ကျောက်ချမ်ကော၊ ချူရှီကောကပါ အဲ့ဒီကလေးမလေး အတွက် ပြောပေးနေကြပြီ။ သူ့ရဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေလည်း မှေးမှိန်သွားရတော့ပြီပေါ့။

"သခင်မလေးလုက ငါကိုယ်တော်ကို ကယ်တင်ခဲ့တဲ့သူပါ၊ ငါကိုယ်တော်သာ ဒီကလေးမကို အပြစ်ပေးလိုက်ရင်တော့ စဥ်းစားဥာဏ်မရှိတဲ့အုပ်ချုပ်သူပဲ ဖြစ်တော့မပေါ့"

ဒါကိုကြားလိုက်ရမှ လုထင်ချန်ရဲ့ စိုးရိမ်နေတဲ့နှလုံးသားလေးက တည်ငြိမ်သွားတော့တယ်။ ဒီတော့ ချက်ချင်းပဲပြောလိုက်ပါသည်
"ကျတော်မျိုး ညီမလေးအပေါ် သနားညှာတာမှုပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

သူပြောပြီးပေမယ့် လုလျန့်ဝေကတော့ ဒူးထောက်လျက်သာ ကြမ်းပေါ်ပေါ်မှာ မတုန်မလှုပ်နေနေတယ်။ ဒီတော့ သူမ လက်မောင်းကို လှုပ်ကာ ပြောရပြီပေါ့
" ဝေဝေ၊ ဧကရာဇ်ကို အခုချက်ချင်းကျေးဇူးမတင်သေးဘူးလား"
လုလျန့်ဝေလည်း အခုမှ သတိဝင်လာတော့တယ်။ လုံယန်က ထိုင်ရာကနေ ထပြီး စားပွဲရဲ့နောက်ကနေ ထွက်လာတယ်။
သူမရဲ့မြင်ကွင်းထဲမှာပေါ်လာတာက ယောကျ်ားတစ်ယောက်ရဲ့ ပြောင်လက်နေတဲ့ ဘွတ်ဖိနပ်၊ အဲ့ဒီအထက်မှာ​တော့ စိမ်းပြာရောင်ဝတ်ရုံရဲ့ အနားကွပ်အစ။

အဲ့ဒီကနေတစ်ဆင့် အပေါ်ကိုတစ်ဆင့်တက်ကြည့်ဖို့ လုပ်နေတုန်းမှာပဲ ယောက်ျားတစ်ယောက်ရဲ့ ခပ်သြသြနဲ့ အေးစက်စက် အသံက သူမခေါင်းထက်ကနေ ထွက်လာသည်။

"ကြမ်းပြင်က သိပ် မမာလို့လား"

လုလျန့်ဝေက ခေါင်းမော့လိုက်သည်၊ သူမရဲ့ ရှည်လျားထူထပ်တဲ့ မျက်တောင်လေးကိုခတ်လိုက်တာက လိပ်ပြာအတောင်ပံလေးကို ခတ်လိုက်သလိုပဲ။ သူမရဲ့ ခပ်နက်နက်မျက်စံလေးထဲမှာ​တော့ စိတ်ရှုပ်ထွေးနေဟန်လေးက ဖြတ်ပြေးသွားတယ်။
ကလေးမလေးရဲ့ စိတ်ရှုပ်ထွေးနေပုံပေါ်တဲ့ ချစ်စရာမျက်နှာလေးကိုကြည့်ပြီး လုံယန်လည်း ရယ်ချင်သလို ကြည်နူးသလို ခံစားလိုက်ရတယ်။
(^^အမယ် သူနော်)
ခုနလေးတင်ပဲ ဒီကလေးမက သူ့ကိုကယ်ခဲ့တဲ့ကိစ္စကို အလေးမထားသလို စကားကြီးတွေပြောခဲ့တယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းOnde histórias criam vida. Descubra agora