Chapter(30)-အဓိပ္ပါယ်အပြည့်ပါတဲ့ အကြည့်

4.8K 622 21
                                    

Unicode

သက်တော်ရှည်ခန်းမဆောင်ထဲတွင်,

ခုံအသီးသီးမှာထိုင်ပြီးနောက်မှာတော့ အစေစခံတွေက လက်ဖက်ရည်နဲ့ မုန့်ကို ဆက်သကြတယ်။
လုယွင်ရွှမ်းက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး မှ ခွက်လေးကို ချလိုက်သည်။
သခင်မကြီးဘေးမှာထိုင်နေတဲ့ လုလျန့်ဝေကိုကြည့်လိုက်အပြီးမှာ စိတ်ရှုပ်မှုတို့က သူမမျက်လုံးထဲဖြတ်ပြေးလို့သွားတယ်။

သခင်မကြီးက လုလျန့်ဝေကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဘူး၊ ပြီးတော့ လုလျန့်ဝေကိုယ်တိုင်ကလည်း သခင်မကြီးကို ရှောင်ရှားလေ့ရှိတယ်။ ဒါပေမယ့် ဒီနေ့ကျမှ သူတို့နှစ်ယောက်လုံးကဘာလို့ ရင်းနှီးနေရတာလဲ။
အဖွားနဲ့မြေးကြားမှာ ဘယ်တုန်းကမှ ပြသနာမဖြစ်ခဲ့ဖူးတဲ့ပုံနဲ့။
လုယွင်ရွှမ်းက မျက်စိလည်လို့နေကာ တစ်ချိန်တည်းမှာပဲ မသက်မသာခံစားနေရလေသည်။
သူမက မဒမ်ကျန်းကို မေးမြန်းချင်နေတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
မဒမ်ကျန်းက သူမခေါင်းကိုရမ်းပြလိုက်သလို လုလျန့်ဝေပေါ်ထားတဲ့ သူမရဲ့ အမုန်းတရားကလည်း မျက်နှာပေါ်ဖြတ်ပြေးလို့သွားသည်။
ဒါကိုကြည့်လိုက်ရင်း လုယွင်ရွှမ်းက အခြေအနေကို အနည်းငယ်သဘောပေါက်သွားသလိုရှိတယ်။
တကယ်တော့ လုလျန့်ဝေ သူ့ကိုယ်သူကြိုးဆွဲချသေတဲ့နေ့တုန်းက အရှေ့ဘက်ခန်းမဆောင်ဆီအပြေးလာပြီး သူတို့အဖေဆီကို အိမ်ရှေ့စံရဲ့ကိုယ်လုပ်တော်မဖြစ်ချင်ပါဘူးလို့ ပြောကတည်းက လုလျန့်ဝေ အတော်ပြောင်းလဲသွားတယ်ဆိုတာ လုယွင်ရွှမ်းရိပ်မိတယ်။

ဒီအချိန်မှာတော့ လုလျန့်ဝေတစ်ယောက် အဖွားရဲ့အရေးပေးမှုကိုရဖို့ ပညာစုံထုတ်သုံးထားပုံရတယ်။ဒီအတွေးနဲ့အတူ လုယွင်ရွှမ်းရဲ့အကြည့်က အေးစက်စက်ဖြစ်လို့သွားသည်။

'လုလျန့်ဝေ နင်ကြိုးစားနိုင်သလောက်ကြိုးစားလိုက်စမ်းပါ၊ ဘာမှအသုံးဝင်မှာမဟုတ်ဘူး၊ သခင်မကြီးရဲ့ နင့်အပေါ်ထင်မြင်ချက်က လွယ်လွယ်ကူကူပြောင်းသွားမှာပဲ'

သို့သော်ငြား လုလျန့်ဝေအပေါ်မှာ သခင်မကြီးရဲ့သဘောထားက အရင်ကနဲ့မတူတာကို မြင်ရပြန်တော့ ဂနာမငြိမ်ဖြစ်လို့သွားရပြန်ပြီ။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now