Chapter(17)-နင်ဒီနေရာမှာ သေဖို့ကြိုးစားနေတာလား

5.6K 661 10
                                    

^^^Hi, everyone!ပြောစရာလေးရှိလို့ပါ။ ဒီnovel လေးရဲ့ english translation မှာ completed ဖြစ်သွားတဲ့ website တစ်ခုတွေ့ပါတယ်။ ဒါဒါအရင်က ​ပြန်နေတဲ့ website က တခြားwebsite ပါ။ သူကတော့ အပိုင်း ၆၀၀ ကျော်ထိပြီးနေပြီ။ တကယ်က အပိုင်းပေါင်း ၁၈၀၀ ကျော်ပါတယ်။🥺 completed ဖြစ်သွားတဲ့ website ကကျတော့ ပြောရရင် english အရေးအသားကော၊ grammar ကော သိပ်မကောင်းဘူးပေါ့နော်။ ကိုယ်အခု ပြန်နေတဲ့ english tran ဿျတော့ အရေးအသားကော၊ grammar ကော ဖတ်ရအဆင်ပြေတယ်ပေါ့နော်။ အဲ့ဒီတော့ပြောချင်တာက ဒီ novel လေးရဲ့ english translationက completed ဖြစ်သွားတာလေးတွေ့ပါတယ်လို့။ HE လေးဖြစ်ဖို့များပါတယ်။😶 ဖြေးဖြေးချင်းလေးပြန်သွားပေးမယ်နော်။ ညကျရင် တစ်ပိုင်းထပ် update ပေးပါမယ်ရှင်။ ဘာမှမဟုတ်ဘူး။ အာ့လေးလာပြောတာ။^^^

Unicode

လုံယန်ကတော့ လုလျန့်ဝေကိုသေချာ ကြည့်ကာ အကဲဖြတ်သလိုပြောလိုက်တယ်
"ဟုတ်တာပေါ့၊ အမျိုးသမီးတွေထဲမှာ ဒုတိယသခင်မလေးလုက အရပ်ပုတဲ့အထဲ အသေအချာကို မပါဘူးပေါ့ "
တစ်မိနစ်လောက်ကြာပြီးတဲ့အချိန်မှာ​တော့ သူက ခေါင်းစဥ်ကို ရုတ်တရက်ပြောင်းကာ ပြောလိုက်သည်
"ငါကိုယ်တော်ရဲ့ မွေးနေ့ပွဲကို လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲကျင်းပမယ်၊ အကယ်၍ ဒုတိယသခင်မလေးလုသာစိတ်ဝင်စားရင် နန်းတော်ထဲကိုလာရောက်ကြည့်ရှုနိုင်တယ်"

အလျဥ်းသင့်သလိုပြောပြီးနောက်မှာ​တော့ လုယန်နဲ့အတူ ကျောက်ချမ်၊ ချူရှီတို့ ထွက်ခွာသွားကြပြီ။

လု မောင်နှမနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ငေးစိုက်လို့သာကြည့်နေကြတော့တယ်။

သူ့ရဲ့ပုံမှန်အခြေအနေကိုပြန်ရောက်ဖို့ လုထင်ချန်အနေနဲ့ တခဏလောက် အချိန်ယူလိုက်ရတယ်။ အဲ့ဒီနောက်မှာ​တော့ လုလျန့်ဝေရဲ့ ခပ်အိအိပါးလေးကို အပြစ်ပေးသလို ဆွဲဆိတ်ကာ ပြောလိုက်လေသည်
"လုလျန့်ဝေ နင် ဒီနေရာမှာပဲ သေဒဏ်အကျခံရဖို့ ကြိုးစားနေတာလား"

လုလျန့်ဝေကတော့ သူမအစ်ကိုဆီကနေ ဒီလိုမျိုးမျှော်လင့်မထားခဲ့ဘူး။ သူမပါးက ဆွဲဆိတ်ခံလိုက်ရတာကြောင့် မျက်လုံးလေးက မျက်ရည်ရစ်ဝိုင်းလို့လာတယ်။ ဒီတော့ သူမပုံလေးက သနားစရာလေးဖြစ်သွားရပြီပေါ့။
" အစ်ကိုကြီး ဘယ်လိုများလုပ်လိုက်တာလဲ၊ နာသွားပြီ.."

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now