Chapter(18)-သူမမှာ အဖွားရှိနေမှန်း မေ့တော့မလို့

5.3K 600 5
                                    

Unicode

လုလျန့်ဝေကတော့ တကယ်စိတ်မချမ်းမမြေ့ဖြစ်သွားတယ်။
"အဲ့ဒီအချိန်တုန်းက ညီမလည်း သေချာ မစဥ်းစားနိုင်ခဲ့ဘူး"
ဒါဟာ ဆရာဝန်တွေရဲ့ ဗီဇပေါ့။ ကုသမှု အရေးပေါ်လိုနေတဲ့ လူနာတွေကို တွေ့လိုက်ရတာနဲ့ သူတို့ရဲ့ ဦးစားပေးက ဒီလူနာကို သက်သာအောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာပဲ။

လုထင်ချန် ညီမဖြစ်သူရဲ့ တည်ငြိမ်နေတဲ့ မျက်နှာလေးကိုကြည့်ရင်း မင်သက်သွားရတယ်။သူ့ရဲ့ အပြစ်တင်ဖို့ စိတ်ကို မြိုသိပ်လိုက်ရင်း သူမကို သတိပေးလိုက်တယ်
"ဒီနေ့ဖြစ်ခဲ့တာတွေကို စိတ်ထဲထားမနေနဲ့တော့၊ နောက်ဆို မဆင်မခြင် မလုပ်နဲ့တော့"

"ဟုတ်ကဲ့ပါ"လုလျန့်ဝေလည်း ကတိပေးလိုက်တော့တယ်။

"စကားမစပ်၊ ညီမလေးက ဧကရာဇ်ရဲ့ရောဂါကိုသိနေတာလား"သူဒါကို မှတ်မိလိုက်တာနဲ့၊ လုထင်ချန်လည်း အကြံအိုက်သွားရတယ်။

လုလျန့်ဝေ သူဒါကိုမေးမယ်ဆိုတာ မျှော်မှန်းပြီးသားဖြစ်တဲ့အတွက် ဆင်ခြေကိုလည်း စဥ်းစားထားလေတယ်။
"ဒီရက်တွေအတွင်းမှာ ညီမလေး ဆေးစာအုပ်တွေကို နေ့တိုင်းဖတ်နေခဲ့တာ၊ အမေချန်ခဲ့တဲ့ အဲ့စာအုပ်တွေ ဘယ်လောက်အသုံးဝင်လိုက်သလဲဆိုတာ အစ်ကိုကြီး ယုံမှာ မဟုတ်ဘူး၊ ညီမတော့ စာအုပ်တွေကနေ အများကြီး သင်ယူခဲ့ရတယ်"

"ဒါတွေက သဘောတရားပိုင်းဆိုင်ရာ စာအုပ်တွေပဲ၊ ညီမလေးက နှလုံးခုန်နှုန်းကို စမ်းသပ်ဖို့ကော ဘယ်လိုသင်ယူခဲ့လဲ"

ဧကရာဇ်ရှိနေတဲ့ အချိန်တုန်းက လုထင်ချန်ဒါကို လေးလေးနက်နက်တွေးနေခဲ့တာ၊ ညီမလေးက ဧကရာဇ်ရဲ့ နှလုံးခုန်နှုန်းကို တိုင်းပြီး ရောဂါကို သိတယ်လို့ ပြောခဲ့တယ်-ဒါ့အပြင် ဧကရာဇ်က ငယ်စဥ်ကတည်းက အဆိပ်မိနေခဲ့တာ။

ဧကရာဇ်ရှိနေတုန်းက ဒီမေးခွန်းသူ့စိတ်ထဲမှာရှိနေပေမယ့် သူဒါကို ဖိနှိပ်ထားဖို့ပဲ တတ်နိုင်တယ်။ အခုချိန်မှာ​တေ့ာ အပြင်လူတွေမရှိတော့မှသာ သူ့နှလုံးသားထဲက သံသယတွေကို မေးရတော့တယ်။
လုလျန့်ဝေကတော့ တည်တည်ငြိမ်ငြိမ်လေးသာပြန်ပြောလိုက်သည်။
" ညီမလေးက လူနာတွေနဲ့ မထိတွေ့ရသေးပေမယ့်၊ ဆည်းဆာရောင် ခြံဝန်းထဲမှာ စာအုပ်တွေဖတ်ရင်း နှလုံးခုန်နှုန်းကို စမ်းသပ်တတ်အောင် သင်ယူခဲ့တာ၊ တကယ်တော့ အဲ့ဒါက သိပ်မခက်ပါဘူး၊ ညီမက အမေ ချန်ခဲ့တဲ့ ဆေးစာအုပ်တွေကိုပဲ သင်ယူခဲ့တာ၊ ပြီးတော့ ညီမလေးကလည်း ထပ်ကာထပ်ကာကို လေ့ကျင့်ခဲ့တာ၊ ဒီတော့ မြန်မြန်နဲ့ တတ်မြောက်သွားတာပေါ့"
ဒါကိုပြောအပြီးမှာ လုလျန့်ဝေက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကျီစယ်တဲ့ လေသံလေးနဲ့ပြောလိုက်လေတယ်
"တကယ်တော့ ညီမလေးမှာ အနာရောဂါတွေကိုပျောက်ကင်းအောင်လုပ်နိုင်တဲ့ ပါရမီရှိတယ်၊ ဒါကြောင့် ဆေးပညာတွေကို မြန်မြန်သင်ယူနိုင်တာပေါ့"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now