Chapter(5)-အစ်ကိုကြီးရဲ့ခန့်ညားမှုကြီးကိုသည်းမခံနိုင်တော့ဘူး

6.5K 710 2
                                    

Unicode

လုလျန့်ဝေ လက်သီးဆုပ်လိုက်မိတယ်။ သူမ အနာဂတ်နဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့လိုအပ်တယ်။
လုထင်ချန်က လုလျန့်ဝေ ရောက်နေတာကို သတိထားမိလိုက်တယ်။
သူလည်း တခဏကြာအောင် လေ့ကျင့် လိုက်ပြီးတဲ့နောက်မှာတော့ လေ့ကျင့်ခြင်းကို ရပ်လိုက်တယ်။
သူရဲ့မျက်နှာမှာတော့ ချွေးတွေသီးလို့နေတယ်။ လက်နက်တွေနေရာတကျပြန်ထားပြီးနောက်မှာ လုလျန့်ဝေဆီလျှောက်သွားလိုက်တယ်။
သူ့ရဲ့ခြေလှမ်းတိုင်းက သန်မာညီမျှလို့နေပြီး ကိုယ်ခံပညာလေ့ကျင့်ထားတာကြောင့်ချွေးထွက်နေတဲ့မျက်နှာက ယောကျ်ားဆန်ဆန်ခန့်ညားနေဆဲ။
လုလျန့်ဝေက အရင်ဘဝမှာ အချောအလှပေါင်းများစွာမြင်ဖူးပြီးဖြစ်တာကြောင့် မဖြုံပေမဲ့ သူမရဲ့နောက်မှာရပ်နေတဲ့ ကျူးယွီကတော့ လုထင်ချန်ရဲ့ခန့်ညားမှု မှာနစ်မြောလို့နေတယ်။
လုထင်ချန်က လုလျန့်ဝေဆီက ဆေးအနံပြင်းပြင်းကိုရလိုက်တာကြောင့် မနေ့က ကိစ္စကို သတိရမိတယ်။သူသက်ပြင်းချပြီးပြောလိုက်တယ်
" ညီမလေး နေကောင်းလာပြီလား၊ သမားတော်နဲ့ရော စစ်ဆေးရဲ့လား"
လုလျန့်ဝေလည်း သူမရဲ့လည်ပင်းက ဒဏ်ရာကို တို့ထိလိုက်မိတယ်။ သူမကိုယ်တိုင်ရောနှောဖော်စပ်ထားတဲ့ လိမ်းဆေးကိုတော့ ဒဏ်ရာပေါ်လိမ်းထားခဲ့တယ်။

ဒဏ်ရာက ထင်းပြီးနက်တာကြောင့် ခဏလေးနဲ့တော့ ပျောက်မှာမဟုတ်ဘူး။ သူမအနေနဲ့ ဒါကို ကရုတစိုက်နဲ့ အချိန်အတော်ကြာကုသရမယ့်ပုံရှိတယ်။
" ဒီဒဏ်ရာက ဘာမှမဟုတ်ပါဘူး၊ အစ်ကိုကြီး စိတ်မပူပါနဲ့"
လုထင်ချန်သက်ပြင်းချလိုက်မိတယ်။ မနေ့တုန်းကပဲ အဲ့ဒီဒဏ်ရာကို သူကိုယ်တိုင်မြင်ခဲ့တာ။ အဲ့ဒီအခြေအနေနဲ့ဆို အမာရွတ်ကတော့ ကျန့်နေလိမ့်မှာ။ သူ့ညီမလေးအတွက်ဘယ်လိုလုပ်ပေးရပါ့။
" ငါမနက်ဖြန်နန်းတော်ကို သွားရင် နန်းတွင်းသမားတော်ကို နင့်ကိုကြည့်ပေးဖို့အတွက်ခေါ်လာခဲ့မယ်"
လုလျန့်ဝေ လည်း အစ်ကိုဖြစ်သူရဲ့ ကရုစိုက်မှုကြောင့်နွေးထွေးသွားရတယ်။ သူမအရင်ဘဝမှာ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး အစ်ကိုကြီးဖြစ်သူရဲ့ ကရုစိုက်ခံရတာမျိုးက စိမ်းသက်နေတယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now