Chapter(31)-ပြသနာကိုဘယ်လိုမီးထွန်းရှာရမလဲ သိတာပဲ

4.4K 570 2
                                    

Unicode

ပန်းကန်ပြားပေါ်က ဝါးရွက်ကိတ်ကိုကြည့်ပြီးချိန်မှာတော့ လုယွင်ရွှမ်းမျက်နှာပေါ်ရှိအပြုံးက ကွာကျတော့မလိုပဲ။

သို့သော်ငြား သူမက ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရာမှာ တော်သူပါ။ ဒီဝါးရွက်ကိတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ချင်စိတ်ကို မနည်းထိန်းလိုက်ရပါတယ်။
သူမက ခေါင်းလေးကိုမော့ကာ ကျေနပ်နေပုံလေးနဲ့ပြောလိုက်ပါသည်
"အမှန်တိုင်းပြောရရင် ညီမလေးရဲ့ လက်ရာတွေ ဒီလောက်တိုးတက်လာမယ်လို့ မမ မျှော်လင့်မထားဘူး၊ ညီမလေးကို မမြင်ရတာ ရက်အနည်းငယ်ပဲရှိသေးတယ်၊ ညီမလေးက ဝါးရွက်ကိတ်တောင် လုပ်တတ်နေပြီ"

လုယွင်ရွှမ်း စကားထဲက သွယ်ဝိုက်တဲ့အဓိပ္ပါယ်ကို လူတိုင်းနားလည်နိုင်ပါတယ်။

ဒါကဘာကြောင့်လဲ။ အတိတ်မှာတုန်းက ဝါးရွက်ကိတ်လုပ်တတ်တာ ကို ထားလိုက်ပါအုန်း၊ လုလျန့်ဝေဆိုတာ ဘယ်နေရာမှာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်တဲ့သူပါ။
သူမရဲ့ အတွေးတွေထဲမှာ လုံချီဆိုတာပဲရှိပြီး သူ့အတွက်ဆို ရူးမိုက်တဲ့အရာတွေအများကြီးကို လုပ်ခဲ့သူပါ။
အဲ့ဒီလုလျန့်ဝေလိုလူမျိုးက ဘယ်လိုလုပ်ပြီး ဝါးရွက်ကိတ်ကို လုပ်တတ်မလဲ။
ဖြစ်နိုင်တာကတော့ တစ်ယောက်ယောက်က လုပ်ပေးပြီးတော့ သူမက သူမကိုယ်တိုင်လုပ်ပါတယ်လို့ လိမ်ပြောတာပဲ ဖြစ်နိုင်ပါတယ်။

လုလျန့်ဝေက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လုယွင်ရွှမ်းစကားထဲက အဓိပ္ပါယ်ကို မသိသလိုလေး နေလိုက်ပါတယ်။ ပြီးမှ ခေါင်းညိမ့်လက်ခံပြကာ
"အမှန်ပါပဲ၊ ညီမလေးကိုယ်တိုင် လည်း မုန့်တွေအများကြီးလုပ်နေတတ်လိမ့်မယ်လို့ ထင်မထားဘူး၊ အဲ့ဒါတင်မကသေးဘူး၊ ညီမလေးက အဲ့ဒါတွေကို အရသာတော်တော်ကောင်းအောင်ကို လုပ်တတ်နေတာလေ"
"အခုတော့ ညီမလေး စဥ်းစားကြည့်တယ်လေ၊ ညီမလေးက အချိန်တွေအများကြီးဖြုန်းခဲ့မိတယ်၊ တကယ်တော့ အဲ့လို မလုပ်ခဲ့သင့်ဘူး၊ အခုတော့ မြန်မြန်ပဲ သတိတရားရသွားခဲ့ပြီ"
"တစ်ခုခုပေါ်မှာ တကယ်သာ အာရုံစိုက်လုပ်မယ်ဆိုရင် ဘယ်လောက်ပဲ အချိန်ကြာပါစေ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးရှင်"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now