Chapter(39)-အစ်ကိုတစ်ယောက်ရှိရတာလည်းမဆိုးပါဘူး

4.4K 556 10
                                    

Unicode

လုထင်ချန်းက ညီမဖြစ်သူ ကို ခြုံငုံကြည့်လိုက်ပြီး အားလုံးအဆင်ပြေတာတွေ့ရမှ သက်ပြင်းချနိုင်တော့တယ်။
သူ့ရဲ့ ဓားရှည်ကိုဖယ်၊ စားပွဲပေါ်ပစ်ချလိုက်ပြီး ခုံတစ်လုံးဆွဲယူကာ ထိုင်ချလိုက်သည်။

"ငါ ဗိုက်ဆာနေတယ်" မှုန်တေတေ အကြည့်နဲ့ပြောလိုက်သည်။

လုလျန့်ဝေက သူ့ကိုတစ်ချက်ကြည့်လိုက်တယ်၊ ဖုံးကွယ်မထားဘဲ စိတ်နေတဲ့ အမူအရာကိုမြင်နိုင်တယ်။ ဘာတွေဖြစ်သွားသလဲနားလည်သွားတာကြောင့် သူမနှလုံးသားက နွေးထွေးလာရတယ်။
လုယွင်ရွှမ်းနဲ့ လုံချီက ဒီကနေ့ မြို့စားအိမ်တော်ကို အလည်လာခဲ့တယ်။ ဒီတော့ လုထင်ချန်းက သူမကိုစိတ်ပူပြီး အဆင်ပြေရဲ့လားကြည့်ရအောင် အိမ်တော်ကို အပြေးလာခဲ့ပုံရတယ်။

သူမ နွေးထွေးသွားပေမယ့် သူ့ကိုဘာမှမပြောဖို့ပဲ ရွေးချယ်လိုက်တယ်။ သူမဖတ်လက်စစာအုပ်ကိုချ ကာ မတ်တပ်ရပ်လိုက်သည်
"ဒါဆို ခဏစောင့်ဦး အစ်ကိုကြီး၊ အစ်ကိုကြီးအတွက် ခေါက်ဆွဲတစ်ပွဲလောက် လုပ်ပေးမယ်"

လုထင်ချန်က အစေခံတွေကိုပဲ လုပ်ခိုင်းလိုက်ဖို့ ပြောတော့မလို့ပဲ၊ ဒါပေမယ့် သူမက ထပြီး အခန်းထဲကနေတောင်ထွက်သွားနှင့်ပြီဆိုတော့ နေပါစေတော့။
ခဏလောက်စောင့်နေအပြီးမှာ သူထပြီး ညီမဖြစ်သူနောက်လိုက်သွားလိုက်တယ်။

ဆည်းဆာရောင်ခြံဝန်းထဲမှာ မီးဖိုချောင်အသေးလေးတစ်ခုရှိသည်။ အကြောင်းကတော့ အရင် လုလျန့်ဝေက အလိုလိုက်ခံထားရသလို အရင်တုန်းက ပင်မမီးဖိုချောင်က ချက်တဲ့ အစားအသောက်တွေကို မကြိုက်ခဲ့ဘူး။ ဒါကြောင့် သူမက လုဟန်ထျန်းကို သူမရဲ့ခြံဝန်းထဲမှာ ကိုယ်ပိုင်မီးဖိုချောင်တစ်ခုဆောက်ပေးဖို့ တောင်းဆိုခဲ့တယ်။
သို့ပေသော်ငြား သူမရဲ့ ဇီဇာကြောင်တဲ့အကျင့်ကြောင့် စားတော်ကဲအသစ်တွေရဲ့ ချက်ပြုတ်မှုကိုလည်း မကြိုက်ခဲ့ပြန်ဘူး။ စားတော်ကဲတွေ ထပ်ခါထပ်ခါပြောင်းခဲ့ပေမယ့်လည်း သူမအကြိုက်ကို မတွေ့သေးတာ အခုထိပဲ။ စားဖိုဆောင်အသေးလေးကလည်း နေရာလွတ်တစ်ခုဖြစ်လာရတယ်။
လုလျန့်ဝေကူးပြောင်းလာအပြီးမှာတော့ စားဖိုဆောင်ကို ပြန်လည်စီစဉ်ပြီးတော့ အသုံးပြုလိုက်သည်။ သူမ တစ်ခုခုကို ချက်ချင်စိတ်ဖြစ်လာတဲ့အချိန်မှာ ထချက်လိုက်သည်။ ဒါကြောင့် စားဖိုဆောင်လေးထဲမှာ အစားအစာတွေကို အရံသင့် စီစဉ်ထားလေ့ရှိတယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းOn viuen les histories. Descobreix ara