Chapter(45)-ခွေးတစ်ကောင်ထက် မပိုပါဘူး

4K 534 8
                                    

Unicode

လုလျန့်ဝေ လှည့်ကြည့်လိုက်ချိန်မှာတော့ လုဟန်ထျန်းရဲ့ ပုံမှန် ကြည်လင်နေတဲ့မျက်နှာက ရုတ်တရက် မဲမှောင်သွားတာကို တွေ့လိုက်ရသည်။ သူ့ရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေထဲမှာ နာကျင်မှုတစ်ခုရှိလို့နေတယ်။
ကျီချင်းယွမ်က သူ မပြောသင့်တဲ့အရာကို ပြောလိုက်မိမှန်း သတိရသွားတော့ ဘာစကားမှထပ်မပြောတော့ဘဲ ဟိုဘက်လှည့်လို့သွားသည်။

လုလျန့်ဝေက ကျီချင်းယွမ်ကို အတွေးအပြည့်နဲ့ စိုက်ကြည့်လိုက်သည်။
လင်းဟွာဆိုတာ မဒမ်လင်းရဲ့ အိမ်ထောင်မကျမီ မိသားစုအမည်ဖြစ်သည်။
ကျီချင်းယွမ်ကလည်း မဒမ်လင်းနဲ့ ရင်းနှီးပုံရတယ်။
သူ လုဟန်ထျန်းကို စကားနိုင်လုလိုက်တဲ့ စကားက သေဆုံးသွားတဲ့ မဒမ်လင်းအား တရားမျှတမှုအတွက် ခုခံကာကွယ်ပေးနေပုံပေါ်သည်။
ဒါပေမယ့် ဘာကြောင့် မဒမ်လင်းက လုဟန်ထျန်းကို စိတ်ပျက်သွားခဲ့ရမှာလဲ။ သူက ဘာကို အခိုင်အမာပြောချင်နေတာလဲ။

သူမ နှလုံးသားထဲက သိချင်စိတ်တွေကို ဖိနှိပ်ရင်း လုဟန်ထျန်းရဲ့ စိတ်ဓာတ်ကျနေပုံကို မကြည့်ရက်တာကြောင့် သူ့လက်ကိုကိုင်ကာ ခေါ်လိုက်သည်
"ဖေဖေ"

လုဟန်ထျန်းက ဖျစ်ညှစ်ပြီး အပြုံးတစ်ခုပြုံးပြလိုက်သည်။

လက်ကိုမြှောက်ကာ သမီးဖြစ်သူရဲ့ ခေါင်းလေးကိုပွတ်လိုက်သည်၊ သို့ပေမယ့် သူ့နှလုံးသားထဲမှာ ကွက်လပ်ကြီးတစ်ခုရှိသလို ခံစား နေရသည်။

"ဒီနေရာမှာ ထိုင်နေဦး အဖေ့ သမီးလေး၊ အဖေ ခဏလောက် သွားလိုက်ဦးမယ်"
မဒမ်လင်းကို သတိရသွားပေမယ့် သူ့သမီး ရှေ့မှာ သူ့ခံစားချက်တွေကို အောင့်အည်းထားမှန်း ခုလျန့်ဝေသိပါသည်၊ ဒါကြောင့် သူမ ခေါင်းညိမ့်ပြလိုက်သည်
"ဟုတ်ကဲ့ပါ"

လုဟန်ထျန်း ထွက်သွားပြီးနောက် ကျီချင်းယွမ်လည်း စိတ်မကောင်းဖြစ်သွားကာ လုလျန့်ဝေနဲ့ စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားသည်။
လုဟန်ထျန်းနဲ့ မဒမ်လင်းကြားထဲက ကိစ္စတွေအကြောင်းစဥ်းစားရင်း လုလျန့်ဝေ တစ်ယောက်တည်း ထိုင်နေမိသည်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now