Chapter(42)-အစားထိုးလို့မရနိုင်ဘူး

4.2K 545 10
                                    

Unicode

ဒီအခြေအနေက မော်ဒန်ခေတ်မှာဆိုရင် စတားတစ်ယောက်(celebrity)အနောက် ကို သူ့ရဲ့ ပရိသတ်တွေက အုတ်အော်သောင်းနင်းလိုက်နေတဲ့အတိုင်းပဲ။
သို့သော်ငြားလည်း အဲ့ဒီလူတွေက သူမသာ ဒုတိယသခင်မလေးလု မှန်းသိသွားကြည့် သေချာတာပေါ့၊ သူမေနာက္ကို မျက်စိမှိတ်ဆက်လိုက်မယ့်အစား ပုတ်သိုးနေတဲ့အသီးအရွက်တွေနဲ့သာ သူမကိုပစ်ပေါက်လိမ့်မယ်။
အပြင်လူတွေအနေနဲ့ သူမကိုမမြင်ဖူးပေမယ့်လည်း ဒုတိယသခင်မလေးလုဆိုတဲ့ နာမည်ကိုတော့ အင်ပါယာမြို့တော်တစ်ခုလုံးက ကောင်းကောင်းသိကြသည်လေ။
ဒါပေါ့၊ သူမရဲ့ မကောင်းကြောင်းတွေကြောင့်ပဲ နာမည်ကြီးရတာပေါ့။
ကောလဟာလတွေက ပြောကြတယ်။ ဒုတိယသခင်မလေးလုက အစ်မဖြစ်သူရဲ့ခင်ပွန်းကို အလစ်သုတ်ဖို့ ကြိုးစားနေတဲ့ အရှက်မရှိတဲ့ မိန်းမတဲ့။ လူမှုရေးကျင့်ဝတ်ကို ဆန့်ကျင်နေတဲ့သူပေါ့။ ကောလဟာလတွေက အကြင်နာတရားလုံးဝမရှိလေဘူး၊ လူတစ်ယောက်ကို ဒီအရိပ်ဆိုးကြီးအောက်မှာ မခံချိမခံသာဖြစ်အောင် နှောင့်ယှက်မယ့် အရာတွေပါ။

"ဒုတိယသခင်မလေးလုရဲ့ မျက်နှာက တကယ်ကိုညှို့ယူဖမ်းစားနိုင်တာပဲ၊ မင်းရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်ကိုတောင် တိုက်ခိုက်ဖို့ အတွက် စဉ်းစားစေနိုင်တယ်၊ တော်သေးတာပေါ့၊ မြို့စားက အသိဉာဏ်ကြီးမားပြီးရထားလုံးကို မြန်မြန်မောင်းစေလိုက်လို့၊ မဟုတ်ရင်တော့ ဘာဆက်ဖြစ်မလဲ ဘယ္သူမွ မပြောနိုင်ဘူး"

ဒေါ်ဒေါ်ကျန်းက သူမရဲ့ ထိတ်လန့်နေမှုကနေ ပြန်လည်သက်သာလာစေဖို့ ရည်ရွယ်ပြီးပြောလိုက်ပုံပေါ်တယ်၊ ဒါပေမယ့် သူမရဲ့ အသံနေအသံထားကတော့ ထူးခြားပြီး ဟိုလိုလိုသည်လိုလို ဖြစ်လို့နေတယ်။

လုလျန်ဝေက တစ်ချက်ကြည့်ပြီး ပြုံးကာ ခပ်သာသာလေးပြောလိုက်သည်
"ဒေါ်ဒေါ်ပြောတာ အမှန်ပဲ၊ ကျမရဲ့ အေဖက တကယ်ပဲ ဉာဏ်ပညာကြီးမားလှတယ်၊ ဒါပေမယ့် ဒေါ်ဒေါ်ကျန်း အကယ်၍ အခုထက် ဆယ်နှစ်လောက်ငယ်သွားရင်တောင် ဒေါ်ဒေါ်ကျန်း နားလည်နိုင်မှာ မဟုတ္ဘူး၊ ဒါက ပြောရရင် သဘာဝအလှတရားလို့ ခေါ်ရမှာပေါ့- က်မအေမဆီက အမွေဆက်ခံရရှိထားတဲ့အရာလေ။
ဒေါ်ဒေါ်ကျန်းအတွက် တိုက်ခိုက်ကြတဲ့အခါ တွေ့ကြုံရတဲ့ခံစားမှုမျိုး ဒေါ်ဒေါ်ကျန်းရဲ့ ဘဝတစ်လျှောက်လုံးမှာ မတွေ့ကြုံရမှာ ဝေဝေတော့ စိုးရိမ်မိပါတယ်၊ နောက်ဘဝမှာ ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုရစေဖို့ မျှောင်လင့်ရုံပေါ့ရှင်"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now