Chapter(6)-သဘောကောင်းတဲ့ လုထင်ချန်

6.3K 705 3
                                    

Unicode

လုထင်ချန် ငြိမ်သက်သွားလေတယ်။ သူတို့ မောင်နှမနှစ်ယောက်က တစ်မအေတည်းက မွေးဖွားလာတဲ့ အစ်ကိုနဲ့ညီမပေမယ့် သူ့ရဲ့ညီမဖြစ်သူက ငယ်စဥ်ကတည်းက အဖေရဲ့အလိုက်လိုက်ခြင်းခံရပြီး သူမရဲ့စရိုက်က အရမ်းဆိုးရွားလာခဲ့တယ်။ အဲ့ဒါအပြင် သူမက အစ်ကိုဖြစ်သူနဲ့ ဘယ်တော့မှ ခင်ခင်မင်မင် မနေခဲ့ဘူး၊ အချိန်တွေကြာလာတာနဲ့အမျှ အစ်ကိုနဲ့ညီမရဲ့ ဆက်ဆံရေးကလည်း တဖြည်းဖြည်းနဲ့သာ ဝေးကွာခဲ့ရပြီပေါ့။

တစ်ဖက်မှာလည်း လုလျန့်ဝေက လုံချီကို လက်ထပ်ရဖို့အတွက် မိုက်မဲ့တဲ့လုပ်ရပ်တွေနဲ့အတူ ဆူပူသောင်းကျန်းခဲ့တယ်။ အရိုးသားဆုံးပြောရရင် သူ့အနေနဲ့ ညီမဖြစ်သူရဲ့ လုပ်ရပ်တွေအပေါ် စိတ်ပျက်ခဲ့တာ အမှန်ပဲ။

လုထင်ချန်ရဲ့ဆို့နင့်နေတဲ့ အမူအရာကို မြင်တော့ လုလျန့်ဝေက ခပ်ရဲ့ရဲ့လေးပြုံးလိုက်မိသည်။
ပြီးတဲ့နောက်မှာတော့ ခြင်းထဲကနေ နောက်ထပ် ဖက်ထုပ်ပန်းကန်တစ်လုံးကို ထပ်ထုတ်လိုက်တော့ လုထင်ချန် အံသြသွားသည်။

လုထင်ချန်ရဲ့ဆို့နင့်နေတဲ့ အမူအရာကို မြင်တော့ လုလျန့်ဝေက ခပ်ရဲ့ရဲ့လေးပြုံးလိုက်မိသည်။ပြီးတဲ့နောက်မှာတော့ ခြင်းထဲကနေ နောက်ထပ် ဖက်ထုပ်ပန်းကန်တစ်လုံးကို ထပ်ထုတ်လိုက်တော့ လုထင်ချန် အံသြသွားသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" တစ်ယောက်တည်း စားရတာ ပျင်းစရာကောင်းတယ် အစ်ကိုကြီးရဲ့၊ အတူတူစားရအောင်" လုလျန့်ဝေက အပြုံးလေးနဲ့ပြောကာ တူကိုလှမ်းပေးလိုက်တယ်။ နောက်ထပ်တူတစ်ချောင်းကို သူမစားဖို့အတွက် ကိုင်လိုက်ကာ စတင်စားလိုက်တော့တယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now