Chapter(43)-ဟန်ဆောင်ပန်ဆောင်

4K 556 17
                                    

Unicode

လုဟန်ထျန်းက ဒေါ်ဒေါ်ကျန်းကိုလစ်လျူရှုကာ လုလျန့်ဝေအား နန်းတော်ဂိတ်ဆီ လမ်းပြလာခဲ့သည်။

"ညီအစ်ကို လု!"

သိပ်မဝေးတဲ့နေရာကနေ လှိုက်လှဲပျူငှာတဲ့ ခေါ်သံထွက်ပေါ်လာလေသည်။

လုဟန်ထျန်းက မျက်မှောင်ကြုတ်လိုက်ပေမယ့် လျှောက်နေရာမှ ရပ်ကာ အသံလာရာဆီကိုကြည့်လိုက်သည်
"ညီအစ်ကို ကျီ"

လုလျန့်ဝေလည်း ရပ်ကာ သူမအဖေကြည့်ရာအတိုင်း လိုက်ကြည့်လိုက်တော့ အဖေဖြစ်သူနဲ့ ရွယ်တူ အမျိုးသားတစ်ဦးကို မြင်ရသည်။
ထိုပုဂ္ဂိုလ်က ခန့်ညားပုံပေါ်တယ်၊ လုဟန်ထျန်းနဲ့ ယှဥ်ကြည့်လိုက်ရင်တော့ ထိုသူက ပိုပြီး သိမ်မွေ့အောက်ကျို့ပုံရတယ်။ သူ့ဘေးမှာလည်း မိန်းမငယ်လေးတစ်ဦးက ရပ်လို့နေတယ်။

လုလျန့်ဝေကိုမြင်တော့ ထိုမိန်းကလေးက ဟမ့် ခနဲလုပ်ကာ အဖက်မတန်သလို ခေါင်းကို တစ်ဖက်စောင်းလိုက်သည်။
သူမရဲ့ အသံက ကျယ်တာကြောင့် လုလျန့်ဝေပါကြားရရုံသာမက လုဟန်ထျန်းအပါအဝင် မြို့စားကျီပါ ကြားနိုင်တယ်။

မြို့စားကျီက အနည်းငယ် အနေရခက်သွားပေမယ့် မိန်းကလေးကိုတော့ အပြစ်ဖော်ဆုံးမတာမျိုးမလုပ်လေဘူး။ လုဟန်ထျန်းဘက်ကို ခေါင်းတစ်ချက်ညိမ့်ပြကာ
"ဒုတိယသခင်မလေးလုလည်း ဒီရောက်နေတာလား"

မူလကိုယ်ပိုင်ရှင်ရဲ့ မှတ်ဥာဏ်အရ လုလျန့်ဝေက သူမအရှေ့က သူကို မှတ်မိလိုက်တာကြောင့် အသာ ဦးညွှတ်ကာနှုတ်ဆက်လိုက်သည်
"လျန့်ဝေက မြို့စားကျီကို နှုတ်ခွန်းဆက်သပါတယ်"

မြို့စားကျီက မျက်လုံးတောင်ပြူးသွားရတယ်-သူမက သူ့ကို ဦးညွတ်နှုတ်ဆက်မယ်လို့ မထင်ထားလေဘူး။
သူအရင်တုန်းက မြင်ဖူးတဲ့ လုလျန့်ဝေကို ပြန်စဥ်းစားရင်း သူ့အရှေ့က လုလျန့်ဝေကို တိတ်တဆိတ် အကဲခတ်လိုက်သည်။

သူ့နှာခေါင်းအောက်က နှုတ်ခမ်းမွှေးကို တစ်ချက်ရိုက်လိုက်ကာ ဝမ်းသာအားရ ပြောလိုက်သည်
"မတွေ့ရတာ အတော်ကြာပြီနော် ဒုတိယသခင်မလေးလု၊ သခင်မလေးလုက ပိုလို့တောင်လှလာပါလား၊ သူမရဲ့ ပြောဆိုနေထိုင်ပုံက တော်ဝင်မိန်းမပျိုလေးတို့ရဲ့ စံနမူနာပါပဲ၊ ငါ့ရဲ့ အရိုင်းအစိုင်းသမီး လင်းအာနဲ့ နည်းနည်းမှကိုမတူဘူး"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now