Chapter(24)-ဘယ်လောက်မှ မပင်ပန်းပါဘူး

4.9K 607 6
                                    

Unicode

ကြီးကြီးလန်( အပိုင်း ၁၉ မှာ ကြီးကြီးလင်းလို့ရေးခဲ့မိတဲ့တစ်ယောက်ပါ၊ သခင်မကြီးရဲ့ အနီးကပ်အစေခံ ဖွားဖွားပါ) ကလည်း ဒီအဖြစ်အပျက်လေးကိုကြည့်ပြီး တိတ်တဆိတ် ကြည်နူးမိသည်။

ဒီသခင်မလေးရဲ့ မမျှော်လင့်ဘဲပြောင်းလဲလာခြင်းက သခင်မကြီးကို ပိုလို့ပျော်ရွှင်သွားစေတယ် မဟုတ်လား။

လုလျန့်ဝေထိုင်ပြီးချိန်မှာတော့ မဒမ်ကျန်းရဲ့ မလိုတမာအကြည့်ကို ဖမ်းမိလိုက်တော့ မျက်ခုံးပင့်သွားမိသည်။

မဒမ်ကျန်းတော့ စိတ်ပျက်သွားလောက်ပြီ၊ ဟုတ်တယ်မလား။

မြို့စားကတော်ဟောင်းကြီးဟာ သူရဲဘောကြောင်ပြီး ပျော့ညံ့တဲ့သူတွေကို မနှစ်သက်ပဲ ခိုင်မာတဲ့ စိတ်သဘောရှိသူမှန်း မဒမ်ကျန်းသိလေသည်။ ဒါက လုလျန့်ဝေရဲ့ သေကြောင်းကြံစည်မှုကိုသူမဖော်ထုတ်ပြရတဲ့ အကြောင်းအရင်းပါ။ အဖွားကြီးက ဒီကောင်မလေးကိုပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်လို့ သူမ ထင်ထားတာပါ။

ဒါပေမယ့် အဖွားကြီးက အပြောနဲ့သာပြောပြီး ဒီအတိုင်း အဆုံးသတ်သွားလိမ့်မယ်လို့တော့ တကယ် မထင်ထားဘူးပေါ့။
အဆုံးသတ်မှာတော့ အဖွားကြီးက ဘာမှမပင်ပန်းတဲ့ ဗုဒ္ဓကျမ်းစာတွေကိုပဲ ကူရေးခိုင်းတယ်တဲ့လား။

လုလျန့်ဝေကတော့ နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်မိသည်။
အမှန်ကိုပြောရရင်တော့ မြို့စားကတော်ဟောင်းကြီးက ကိုင်တွယ်ရတာသိပ်မခက်လှလေဘူး။

သူမက အကြင်နာမရှိ ကြမ်းတမ်းပုံပေါ်ပေမယ့် အသက်ကြီးရင့်လာသူတွေက အလွယ်တကူ အလျော့ပေးလိုက်လျောတတ်စမြဲပဲ။

သခင်မကြီးဒေါသပုန်မထခင်မှာပဲ လုလျန့်ဝေက ဒူးထောက်ပြီး အမှားကိုဝန်ခံကာ လက်ဦးမှု ယူခဲ့ရတယ်။

မြို့စားကတော်ဟောင်းကြီးမှာက မျိုးဆက် အနည်းငယ်သာရှိတာ။ ပြီးတော့ လုလျန့်ဝေဆိုတာ တရားဝင်ဇနီးက မွေးလာတဲ့ မြေးမပါ။ သခင်မကြီးက သူမကို ဘယ်လောက်ပဲ မနှစ်သက်ပါစေ၊ သူမရဲ့ နှလုံးသားထဲမှာတော့ ဒီမြေးမလေးအတွက် မျှော်လင့်ချက်ရောင်ခြည်လေး ရှိနေဆဲပါ။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now