Chapter(23)-အလိုလိုက်ထားတာ ကျေးဇူးတောင်တင်ရမယ်

5.2K 624 16
                                    

Unicode

လုလျန့်ဝေရဲ့ စကားကိုကြားပြီးနောက်မှာ သခင်မကြီးရဲ့ ဒေါသတွေလည်း လျော့ကျသွားသည်။

သို့သော်ငြား သူမရဲ့ရှုပ်ထွေးနေတဲ့ခံစားချက်ကိုထားလိုက်အုန်း၊ ဒီမြေးမက ယောကျာ်းတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကိုသတ်သေဖို့လုပ်ခဲ့တဲ့အထိ မိုက်မဲမှန်းပြန်သတိရလိုက်တော့ ဒေါသလက်ကျန်လေးကတော့ ရှိနေရတာပေါ့။

သူမရဲ့ရှေ့က မြေးမလေးကြည့်လိုက်ပြီး ဘာမှထပ်မပြောပေမယ့် ခေါင်းကိုက်လာရပါပြီ။ စိတ်ညစ်ညစ်နဲ့ ပြောလိုက်ပါသည်
"သမီး၊ နင် ကိုယ့်ကိုယ်ကို မချစ်တော့ဘူးလား"
အဖွားဖြစ်သူအရင်ကလောက် ဒေါသမထွက်တော့ဘူးဆိုတာ လုလျန့်ဝေ ပြောနိုင်ပါတယ်။

သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အမှားတွေကို ဝန်ခံလိုက်သည်
"အဖွား သမီးကို အပြစ်တင်ဆုံးမတာ မှန်ပါတယ်၊ သမီးအဲ့ဒီအချိန်တုန်းက ဒီလိုရူးမိုက်တာတွေလုပ်မိတာ မျက်လုံးကန်းနေလို့ဖြစ်မယ်၊ ဒါကြောင့် သမီးဒီအဖြစ်ကိုအမြဲတမ်းသတိရနေစေဖို့ အပြစ်ပေးပါ"

သခင်မကြီးက ရက်စက်တတ်တဲ့သူမဟုတ်ပါဘူး၊ အခြားတစ်ဖက်မှာတော့ သူမက ဖိအားပေးမယ့်အစားမေတ္တာကိုသာ ဦးစားပေးသူပါ။

လုလျန့်ဝေသာ အမှားကနေရှောင်ပြေးချင်ပြီး သခင်မကြီးကိုသာ ဆန့်ကျင်ခဲ့မယ်ဆိုရင် သခင်မကြီးက ဒေါသပိုလို့ထွက်မှာပါ။
အဲ့သလိုသာဆို သခင်မကြီးက ဝေဝေ့အတွက် အထင်သေးခြင်းကလွဲပြီး ဘာခံစားချက်မှရှိလာတော့မှာ မဟုတ်ပါဘူး။

သို့သော်ငြားလုလျန့်ဝေက သူ့အမှားသူဝန်ခံကာ အမှန်ပြင်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ဒါက သခင်မကြီးကို သက်သာရာရစေရုံသာမက ဒေါသကိုလည်း လျော့ပါးသွားစေပါသည်။

"သမီး မှားမှန်းတကယ် ဝန်ခံရဲ့လား"
လုလျန့်ဝေက ခေါင်းညိမ့်ပြကာ သူမရဲ့ မျက်လုံးလေးမှာတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တို့ရှိနေပါတယ်။
"သမီး တကယ်ဝန်ခံပါတယ်၊ အတိတ်မှာတုန်းက သမီးက ဥာဏ်မဲ့ပြီး အမှားတွေလုပ်ခဲ့မိတယ်၊ အဖွားကိုတောင် ဒေါသထွက်စေခဲ့ပြီ၊ သမီးပြောင်းလဲပြီး အရင်လို မပြုမူတော့ဘူးလို့ ကတိပေးပါတယ်"

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now