Chapter(19)-ထက်မြက်တဲ့အမျိုးသမီးကြီး

5K 594 3
                                    

Unicode

သူမငယ်ရွယ်စဥ်တုန်းက ၊ မြို့စားကတော်ဟောင်းကြီးဟာ သူမခင်ပွန်းနဲ့ အတူ စစ်ပွဲဖြစ်ရာဒေသတွေဆီကို အတူလိုက်ပါလေ့ရှိပြီး အထင်ကရ ကျော်စောတဲ့ အကျိုးရလဒ်တွေကို စွမ်းဆောင်နိုင်ခဲ့သည်။ ဒါကြောင့် အသက်ကြီးရင့်လာပြီဖြစ်တဲ့ မြို့စားကတော်ဟောင်းကြီးဟာ အမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနဲ့ လေးစားခံနေရဆဲပင်။ တိုင်းပြည်အတွင်းမှာ မြင့်မားတဲ့ ဂုဏ်ဒြပ်ကို လက်ကိုင်ထားသူလည်း ဖြစ်ပေသည်။

သူမရဲ့ တစ်ဦးတည်းသောမြေးမလေးကတော့ လုလျန့်ဝေပေါ။ သဘောတရားအရဆိုရင်တော့ သခင်မကြီးက သူမရဲ့မြေးမလေးကို အရမ်းပဲ ချစ်ခင်မြတ်နိုးလိမ့်မယ်ပေါ့နော်။ ဒါပေမယ့် လက်တွေ့မှာကတော့ ပြောင်းပြန်ကြီးပါ။

လုလျန့်ဝေက သခင်မကြီးရဲ့ သဘောကျခြင်းကို မခံရပါဘူး။ တစ်ဖက်မှာ​တော့ အမျိုးသမီးကြီးရဲ့ အနှစ်သက်ဆုံးက လုယွင်ရွှမ်းဆိုတဲ့ တရားမဝင် မြေးမလေးပါတဲ့။

တစ်ခါမှာ လုလျန့်ဝေက သူမအပြုအမူတွေကို အတော်ကြီး မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ အမျိုးသမီးကြီးက လုလျန့်ဝေရဲ့ အပြုအမူတွေကို ဥပေက္ခာ ပြုနိုင်ဖို့ ထျန်းကျူး ဘုရားကျောင်းမှာ ဥပုသ်စောင့်ကာ ဘုရားတရားသာ လုပ်နေခဲ့ပါတယ်။

သူမက လုယွင်ရွှမ်းရဲ့ လက်ထပ်ပွဲကိုတောင် ပြန်မလာခဲ့ပါဘူး။

လုလျန့်ဝေ နားမလည်တာကတော့ သခင်မကြီးက လုယွင်ရွှမ်းကို အရမ်းနှစ်သက်တယ်ဆို ဘာကြောင့်များ လုယွင်ရွှမ်းနဲ့ အိမ်ရှေ့စံရဲ့ လက်ထပ်ပွဲကို မတက်ရောက်ခဲ့တာလဲဆိုတာပါပဲ။

မသေမချာဖြစ်နေတာတွေကို စဥ်းစားရင်း လုလျန့်ဝေနဲ့ လုထင်ချန်က အိမ်ပြန်လာတဲ့ မြို့စားကတော်ဟောင်းကြီးကို နှုတ်ဆက်ဖို့ ပင်မခန်းမဆောင် ဂိတ်ပေါက်ဝဆီ သွားလိုက်ပါတယ်။

သူတို့ နှစ်ယောက်ရောက်တဲ့အချိန်မှာ သခင်မကြီးရဲ့ ရထားလုံးကလည်း ရောက်ပြီး ရပ်လိုက်ပါတယ်။

လုဟန်ထျန်းနဲ့ မဒမ်ကျန်းကလည်း အမြန်ရောက်လာပါတယ်။

သခင်မကြီးက သူတို့ကို ခပ်တန်းတန်းသာ ဆက်ဆံမယ်ဆိုတာသိပေမယ့် အငယ်တွေအနေနဲ့ လောကဝတ်ကိုပြုရမယ်ဆိုတာ သံသယဝင်စရာမလိုပါဘူး။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now