Chapter(27)-မမေ့နိုင်စရာ

5.1K 597 9
                                    

Unicode

လုဟန်ထျန်းက အသက်အရမ်းမကြီးသေးပါဘူး။ ဒါအပြင် သူက ခန့်ညား၊ ပြတ်သားပြီး တောင့်တင်းသန်မာတဲ့ ကိုယ်ဟန်ရှိသည်။ သူရဲ့ ဆံဖျားကနေခြေဖျားအထိ ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်ရဲ့ ကျက်သရေအရှိန်အဝါရှိသူ ဖြစ်သည်။
သူက အခုမှ အရွယ်ကောင်းပါ၊ သူ့မှာ ကောင်းမွန်တဲ့ အဆင့်အတန်းရှိပြီး သြဇာတိက္ကမနဲ့ ပြည့်စုံသူပါ။ ငယ်ရွယ်တဲ့အမျိုးသမီးတွေကိုတောင် ဆွဲဆောင်နိုင်လိမ့်မယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။

သို့သော်ငြားလည်း ဒီနှစ်တွေတစ်လျှောက်လုံးမှာ မဒမ်ကျန်းကသာ လုဟန်ထျန်းဘေးမှာရှိခဲ့တဲ့ တစ်ယောက်သောသူပါ။ တခြားဘယ်မိန်းမမှ မရှိခဲ့ပါဘူး။ မမေ့နိုင်စရာပါ။
ကောင်းကောင်းမသိသူတွေတောင် လုဟန်ထျန်းက မဒမ်ကျန်းအပေါ်မှာ သစ္စာရှိပြီးဘဝနှစ်မြုပ်ထားတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
ဒါက မဒမ်ကျန်းက ကိုယ်လုပ်တော်မျှသာဖြစ်ပေမယ့် ဘာကြောင့် တခြားသူတွေဆီက လေးစားမှုကို ရရှိနေသလဲဆိုတဲ့ အကြောင်းအရင်းလည်းဖြစ်ပါတယ်။
စဥ်းစားစရာတစ်ခုက မဒမ်ကျန်းရဲ့ အာဏာမက်ပုံနဲ့ဆိုရင် ဘာကြောင့်များ လုယွင်ရွှမ်းကို မွေးဖွားပြီးနောက်မှာ နောက်ထပ်သားသမီး မမွေးခဲ့သလဲ ဆိုတာပါပဲ။
အရင်ခေတ်တုန်းကဆို တန်းဖိုးရှိတဲ့သားလေးတစ်ယောက်မွေးနိုင်ရင် အမေဖြစ်သူရဲ့ဂုဏ်သရေကပါ တိုးတက်သွားတယ်လားလို့။

မဒမ်ကျန်းက သားတစ်ယောက်ကို မမွေးဖွားပေးခဲ့ဘူး။ လုယွင်ရွမ်းက အိမ်ရှေ့စံကြင်ယာတော်ဖြစ်လာပေမယ့် ဒါက မဒမ်ကျန်းအတွက် အရမ်းအကျိုးရှိလှပြီလို့ မဆိုလိုပါဘူး။
လုထင်ချန်သာ အနာဂတ်မှာ မြို့စားအိမ်တော်ကို အမွေဆက်ခံချိန်ရောက်ရင် သားမရှိတဲ့ မဒမ်ကျန်းက အရေးမပါတဲ့ နေရာကိုပဲ ရမှာပါ။
ဒါမှမဟုတ် မဒမ်ကျန်းရဲ့ ခန္ဓာကိုယ်က နေမကောင်းတာကြောင့် နောက်ထပ်သားသမီး မမွေးနိုင်တော့တာများလား။

လုလျန့်ဝေက အတွေးထဲမှာ နစ်မြောနေမိပါတယ်။

လုဟန်ထျန်းက သမီးဖြစ်သူ မျက်မှောင်လေးကြုတ်ပြီး စဥ်းစားနေတာကို သတိထားမိပါတယ်။ သူမက အခုမှ ဆယ့်ငါးနှစ်ပဲရှိပါသေးတယ်၊ ဒါတောင် လူကြီးသူမ ပုံလေးဖမ်းလို့။ သူ့အတွက်တော့ သမီးဖြစ်သူရဲ့ ဒီပုံလေးက ရယ်စရာလေးဖြစ်နေပါတယ်။
ဒီတော့ သမီးဖြစ်သူရဲ့ ပန်းသွေးရောင် ပါးလေးကို ညှစ်ကာ
"သမီးလေးက ဘာတွေများ စဥ်းစားနေတာတုန်း"
သူက ပြုံးရင်း မေးလိုက်ပါတယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းWhere stories live. Discover now