Chapter(32)-အဖြည့်ခံဇာတ်ရုပ်လေးတွေလိုပဲ

4.9K 608 10
                                    

Unicode

သခင်မကြီးက သတိပြန်ဝင်လာပြီး ဝေဝေ့ကိုကြည့်လိုက်တယ်။ လုလျန့်ဝေရဲ့လှပတဲ့မျက်လုံးလေးတွေက တောက်ပပြီးရှင်းလင်းနေတာကိုမြင်ရပြီး လုံချီအတွက် ဘယ်လိုခံစားချက်မှရှိမနေလေဘူး။
သူမက စိတ်သက်သာရာရသွားသလို တစ်ချိန်တည်းမှာပဲ အပြစ်ရှိသလို ခံစားလိုက်ရတယ်။

လုယွင်ရွှမ်းက ပြောလိုက်တဲ့အချိန်မှာ သခင်မကြီးရင်ထဲမှာ လုလျန့်ဝေကို သံသယဖြစ်သွားခဲ့မိတယ်။
ဒီနေ့ လုလျန့်ဝေရဲ့ပြောင်းလဲမှုအားလုံးက လုံချီအတွက်လို့ သူမ ထင်လိုက်မိတယ်လေ။
ဒီလိုသာဆိုရင် လုလျန့်ဝေက သူမမြေးမအဖြစ်ဆက်ရှိနေနိုင်တော့မှာ မဟုတ်ဘူး။

လုံချီက လုယွင်ရွှမ်းနဲ့လက်ထပ်ပြီးပြီ။ ပြီးတော့ လုလျန့်ဝေအပေါ်မှာ သူဘယ်လိုသဘောထားမျိုးရှိနေသလဲဆိုတာ ကြည့်ရုံနဲ့တင် လုလျန့်ဝေအနေနဲ့ ကပ်တွယ်နေတာမျိုးကိုရပ်ခဲ့သင့်ပြီ။ မဟုတ်ရင် လူတွေအားလုံးက ဝေဝေ့အပေါ်ပိုပြီးသာ အထင်သေးလာကြမှာပင်။
အမျိုးသမီးတွေက ပွင့်ပွင့်လင်းလင်းရှိသင့်ပါတယ် ၊ ဒါပေမယ့် သူတို့အနေနဲ့ ကိုယ့်ကိုယ်ကို သာ အရင်ချစ်ပြီး ကိုယ့်သိက္ခာကို ထိန်းသိမ်းဖို့လိုအပ်တယ်လေ။
ဒါ​ပေမယ့် လုလျန့်ဝေက လုံချီအပေါ်မှာ အာရုံမရှိတော့ဘူးဆိုတာသိလိုက်ရတော့ သူမတွေးမိသွားတာကို အပြစ်ရှိသလို ခံစားလိုက်ရသည်။တစ်ချိန်တည်းမှာပဲ စိတ်သက်သာရာ ရသွားရပြီ။

သူမက လုလျန့်ဝေရဲ့ မည်းနယ်ရောင်လက်နေတဲ့ ပိုးသားလို ဆံပင်ပျော့လေးတွေကို ထိလိုက်ကာ
"ငါတို့ ဝေဝေက လှပပြီး အပြုအမူလည်းကောင်းတယ်၊ ယောကျ်ားကောင်းတစ်ယောက်ကို လက်ထပ်ရဖို့အရေး ဘာအကြောင်းမှစိတ်ပူစရာမရှိဘူး၊ အနာဂတ်မှာ အဖွားက သမီးအတွက် မိသားစုကောင်းကို သေချာပေါက်ရှာပေးမှာ"

ဒီစကားလုံးတွေက သခင်မကြီးရဲ့ နှလုံးသားထဲက စစ်မှန်စွာထွက်လာတဲ့ စကားတွေပါ။ သူမက ဒီစကားတွေကို လုလျန့်ဝေကို ထောက်ပံ့သလိုပြောရင်းနဲ့ လုံချီကြားအောင်ပါ တမင်ပြောခြင်းဖြစ်ပါတယ်။

လုံချီက လုယွင်ရွှမ်းကိုလက်ထပ်ပြီးသွားပေမယ့် သူမရဲ့ မြေးမနှစ်ယောက်ကို အရွေးခံပစ္စည်းတွေလိုမျိုး ရွေးသွားတာမျိုးက သခင်မကြီးကို တကယ်စိတ်တို ဝမ်းနည်းစေပါတယ်။

ဇာတ်လိုက်ရဲ့ ဦးရီးတော်၏ အသည်းအသက်လေးအဖြစ်ဝိဥာဏ်ကူးပြောင်းလာခြင်းOn viuen les histories. Descobreix ara