တစ်မဟုတ်ချင်းပင် လက်ခနဲအလင်းရောင်တောက်သွားသည့်စိတ်အခြေနေက ဝေဒနာတိမ်မဲတစ်ဝက်ကို လွင့်စင်သွားစေသည်။

"ဘာမပြောညာမပြောနဲ့ ဒီလောက်အကြာကြီးလူကိုထားသွားရလား ဒီမှာဘယ်လောက်လိုက်ရှာနေရလဲသိရဲ့လား တကယ်မကောင်းဘူး"

"နေမကောင်းဖြစ်နေရင်းတောင်စွာနိုင်တုန်းပဲအသည်းလေးရယ်၊ လူကိုရန်လုပ်တာလေးနားပြီး အရင်ဆုံး အနွေးထည်ဝတ် ဒီကထွက်ရအောင်၊ ဒီလောက်နေပြပြီးရင်တော်ရောပေါ့.......ဟင် ကိုယ်တွေလဲတော်တော်ပူနေလိုက်တာ ပြဿနာပါပဲ ချမ်းနေလားဟင်"

ရောက်ရောက်ချင်း ဆွဲလာတဲ့အိတ်ထဲကအနွေးထည်ကြီးကို လူပေါ်လာတင်ကာ နဖူးစမ်းလိုက် ပါးနှစ်ဖက်ကိုသူ့လက်ဖဝါးနွေးတွေနဲ့ထွေးလိုက်ဖြင့် ပြာပြာသလဲဖြစ်နေရှာ၏။ စောစောက တေးထားတဲ့မကျေခဲလေးတွေတောင်အရည်ပျော်သွားပြန်ပြီ။

မကျေမလည်မျက်ဝန်းညိုတွေက ချက်ချင်းပဲနူးညံ့ကုန်ကြ၏။

"အင်း ကျွန်တော့်တစ်ကိုယ်လုံးအရမ်းချမ်းနေတော့တာပဲကိုကိုရာ တကယ်ချမ်းတယ်....."

သူခြုံပေးတဲ့ အနွေးထည်အုပ်ကြီးထဲကနေ ခပ်မှိန်မှိန်လေးလှမ်းပြောလိုက်သည်။ ထိုအခိုက်အတန့်လေးမှာတင် ပတ်ဝန်းကျင်ကိုတောင်တစ်ချက်ဝေ့မကြည့်၊ ချက်ချင်းပဲ အတင်းကိုလာဖက်တော့တဲ့ရှင်းဂျယ်ယွန်းက ရင်ခုန်ချင်စရာအတိဖြစ်နေပြန်တာပဲ။ ပတ်ပတ်လည်ကမျက်ဝန်းစိမ်းအကြည့်တွေဟာ ကိုယ်တို့နှစ်ယောက်ဆီသို့ အံ့ဩတစ်မျိုး ရှုံ့ချတစ်ဖုံ အဓိပ္ပာယ်ပေါင်းစုံနဲ့စုပြုံဦးတည်လာကြသည်။

"အိမ်အမြန်ပြန်ရအောင် ဘေ့လှဲဖို့လိုနေပြီ ဒီလိုနဲ့မေ့လဲတဲ့အထိအခြေနေဆိုးသွားလို့မဖြစ်တော့ဘူး"

လက်ဖဝါးနွေးတွေသည် ကိုယ့်ပါးပြင်ထက်မှာနေရာယူထွေးပွေ့ထားဆဲ၊ ပူးပူးကပ်ကပ်ဖြစ်လွန်းနေသည့်ကိုယ်တို့အခြေနေကို အားမနာတမ်း ဇွတ်စိုက်ကြည့်နေသည့်မျက်လုံးတွေကလဲပိုပိုဆိုးလာသည်။ နေရခက်လာတာကြောင့်ပဲ ဆောင်ဟွန်း ပတ်ဝန်းကျင်ကို မရဲတရဲတစ်ချက်ဝေ့ကြည့်လိုက်ရင်း သူ့လက်လေးကိုဖြုတ်ချဖို့ပြင်တော့ သူကခွင့်မပေး

My Essential Hoon Where stories live. Discover now