[၇၃] အီစီကလီရိုက်ခြင်း။

Start from the beginning
                                    

မာပင်း၏ဒေါသပေါက်ကွဲထွက်လာသည်။
"ခင်ဗျားကလူတစ်ယောက်မဟုတ်ဘူးပဲ!"

တုန်းကော၏တစ္ဆေလက်ထပ်ပွဲဓလေ့ထုံးတမ်းကား အလွန်တရာအိုဟောင်းလှသည်ဖြစ်ရာ ယွင်ရှဲ့ဟာဒါကိုထင်မှတ်ထားပြီးသားဖြစ်၍ သူ့အတွက်မူ ဒါဟာအံ့သြစရာမဟုတ်ပေ။ သူဆက်မေးသည်။
"ဘယ်သူမှသတို့သားမဖြစ်ရဲကြဘူးလို့ခင်ဗျားပြောခဲ့တယ်နော်...စောစီးပိုင်းတုန်းကလက်ထပ်ခဲ့ကြတဲ့သူတွေကရော၊ လက်ထပ်ပွဲညမှာသတို့သားသေသွားတဲ့အချိန်တုန်းက သတို့သမီးကဘယ်လိုလုပ်ပြီးမသိရတာလဲ။ သတို့သားတွေကဘယ်လိုသေသွားခဲ့တာလဲ၊ ခင်ဗျားမတိုင်ခင်ကမြင်ဖူးလား။"

ယန်သခင်လေးကသက်မချပြီး အကြည့်လွှဲရင်းပြောလာသည်။
"သူရဲကောင်းလေးမေးချင်တာဒါကိုး။ ဒါကဘာမှမထူးဆန်းပါဘူး။ သတို့သားတွေကလက်ထပ်ပွဲညမှာ မဂ်လာမွေ့ရာပေါ်မှာပဲသေဆုံးသွားခဲ့ကြတာ။ သူတို့ကိုကြည့်ရတာ အိပ်ပျော်နေတဲ့အတိုင်းပဲ၊ သူတို့ဘယ်လိုသေသွားလဲဆိုတာဘယ်သူမှမသိကြဘူး။ သတို့သမီးတွေကဘာမှမမှတ်မိကြဘူး။ သူတို့အားလုံးကမဂ်လာခန်းမထဲဝင်လိုက်တာနဲ့ အိပ်မောကျသွားခဲ့တာလို့ပဲပြောကြတာ။ ကျုပ်- အာ၊မဟုတ်ဘူး၊ ဒီလူဆိုးကအဲ့လိုပဲကြားမိတာပါ။"

ဤလူကား နေရောင်ခြည်းအနည်းငယ်ရရှိပြီးနောက်၌၊ တကယ့်ကိုပွင့်လန်းလာခဲ့ပေ၏။ သူတို့ကသူ့ကိုကောင်းမွန်သောလေသံနှင့်ပြောလိုက်ရာ သူ့လျှာရုတ်တရက်ချော်သွားရသည်။ ယွင်ရှဲ့ပြုံးလိုက်မိသည်။ ယန်သခင်လေးကသူ့အမူအရာကိုကြည့်လိုက်ပြီးနောက်၌၊ စားပွဲပေါ်ရှိမှန်အားတစ်ချက်ခိုးကြည့်လိုက်သည်။ သူ့လည်ပင်းပေါ်ရှိအမျိုးသမီးတစ္ဆေပျောက်သွားသည်ကို သူမြင်လိုက်ရ၍ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်မိချေသည်။

ကျန်းရွှင်းယီသည်ယွင်ရှဲ့ကိုစိုက်ကြည့်လိုက်ပြီးနောက်တွင် ယန်သခင်လေးဆီလှည့်လိုက်၏။
"မင်းသွားလို့ရပြီ။"

မာပင်းကဝင်နှောင့်သည်။
"မရဘူး၊ ခင်ဗျားသူ့ကိုသွားခွင့်ပေးလိုက်လို့မရဘူးလေ။ သူကဒီလောက်ကြောက််စရာကောင်းတဲ့ကိစ္စကိုလုပ်ထားတာကို ခင်ဗျားဘာလို့သူ့ကိုလွှတ်ပေးလိုက်တာလဲ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now